Burmese News
Uncategorized

ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ

ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Wolf Guerrilla LPDF(YE-U)အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရေဦးမြို့အ၀င် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ရှိသော စစ်ဆေးရေး ဂိတ်ကို Wolf Guerrilla LPDF(YE-U)အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LPDF (YE-U) အဖွဲ့က ပြုလုပ်ခဲ့ပြီး ဂိတ်စခန်း အနီးတစ်ဝိုက်ကို ကျရောက်ပေါက်ကွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ ထို့ပြင် အ ကြမ်းဖက် စစ်တပ်ဘက်မှလည်း ၁၂၀ မမ ၊ ၆၀ မမ ၊ စက်လက်များ၊ လက် နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်မှုရှိပါတယ်။ အရေအတွက် ကိုလည်း အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Wolf Guerrilla LPDF(YE-U)အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Related posts

ဆောင်းပြောင်းကျေးရွာတပ်စခန်းတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်က စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို ပစ်t

burmesenews

စကခ ၁၆မှူး ဗိုလ်မှူးချုပ်​သော်ဇင်အိမ်မှ ကျပ်သိန်း​ထောင်ချီတန်ဖိုးရှိသည့် အရက်ပုလင် နှင့် ဝိုင်များကို​တော်လှန်​ရေးတပ်များသိမ်းဆည်းရရှိ

burmesenews

ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးတွင် စစ်ကောင်စီ ၃၀ ဦး သေဆုံးဟု ဆို

burmesenews

Leave a Comment