တောင်ခမ်း အမြောက်ကွပ်ကဲမှုဌာနချုပ် TNLA ပူးပေါင်းတပ်သိမ်းပိုက်
စက်တင်ဘာ ၅ ရက်
ရှမ်းပြည် မြောက်ပိုင်းဒေသ၏ တခုတည်းသော အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအခြေစိုက် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) အား ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်က ယနေ့ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကျောက်မဲခရိုင် ပကဖ အဖွဲ့ဝင်တဦးက ပြောသည်။
လတ်တလော တပ်ရင်းအတွင်း နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေပြီး ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများ အသေးစိတ် မသိရသေးပေ။
တောင်ခမ်းတွင် မစခ ၉၀၂ နှင့် အမတ ၂၀၆၊ အမတ- ၄၀၆ နှင့် အမတ-၃၅၄ တို့ အခြေစိုက်တပ်စွဲထားပြီး TNLA ပူးပေါင်းတပ်က တပ်ရင်းသုံးခုအား သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီး အမတ ၃၅၄ တပ်ရင်းတခုသာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ- TNLA