Burmese News
Uncategorized

တ​ကောင်းနီကယ်စက်ရုံကို ယာယီရပ်နားရန်တရုတ်ပြင်ဆင်

တ​ကောင်းနီကယ်စက်ရုံကို ယာယီရပ်နားရန်တရုတ်ပြင်ဆင်

စက်တင်ဘာ ၅ ရက်

ထီးချိုင့်မြို့နယ် ရှိ တရုတ်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံထား​သော တကောင်းနီကယ်စက်ရုံကို ယာယီပိတ်သိမ်းရန် တရုတ်ဘက်က ပြင်ဆင်နေပြီး တရုတ်နိုင်ငံသားပညာရှင်အချို့လည်း နေရပ်ပြန်ရန်ပြင်ဆင်​နေကြ​ကြောင်း ဒေသခံများကပြောသည်။

” စက်ရုံကို ပိတ်လိုက်တယ်ဗျ။ စစ်ကောင်စီက မောင်းကုန်းကိုလေကြောင်းကနေပစ်ပြီးတော့ စက်ရုံပိတ်ဖို့အသံထွက်လာတာ။စက်ရုံက တရုတ်ပညာရှင်တွေလည်းပြန်ဖို့အတွက် ဟတ်စကီးအသင့်ရှိနေပြီ” ဟု ထီးချိုင့်မြို့မှ ဒေသခံတဦးကပြောသည်။

ထီးချိုင့် မြို့နယ် ၊မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။မောင်းကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကာ သိမ်းပိုက်လိုက်ပြီး ယင်းနေရာအနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် တကောင်းနီကယ်စက်ရုံကိုလည်း ဇူလိုင် လကုန်ပိုင်းတွင် PDF များကသိမ်းပိုက် ထိန်းချုပ်ခဲ့သည်။

စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်တွင် မောင်ကုန်းကျေးရွာအားလေကြောင်းမှတိုက်ခိုက်ရာ ဒေသခံပြည်သူ ကိုးဦးသေဆုံးခဲ့သည်။

စစ်ကောင်စီကလေကြောင်းတိုက်ခိုက်သည့်နေရာအနီး၌ တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံထားသည့် သကြားစက်ရုံရှိနေသကဲ့သို့ ၊ တကောင်းနီကယ်စက်ရုံနှင့်လည်း နှစ်မိုင်ကျော်သာဝေးကွာသည်။ ​မောင်ကုန်းရွာဗုံးကြဲခံရပြီးနောက် တကောင်းနီ

ကယ်စက်ရုံပိတ်သိမ်းမည့် သတင်းထွက်လာခြင်းဖြစ်သည်

“၁ နှစ်နားမယ်တဲ့။ ဝန်ထမ်းတွေ လျှော့ချတယ်။ ထုတ်တာလည်း ရှိတယ်။ နီကယ်(နီကယ်စက်ရုံ)

ကို မှိခိုနေရသူတွေတော့ မလွယ်ဘူးဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တကောင်းနီကယ်စက်ရုံပိတ်သိမ်းပါက စစ်ကောင်

စီကလေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာမည်ကို​ဒေသခံများ စိုးရိမ်နေကြကြောင်းဒေသခံများကပြောသည်။

မောင်းကုန်းကျေးရွာအား စစ်ကောင်စီတပ်ကလေ

ကြောင်းမှတိုက်ခိုက်မှုသည် တရုတ်စီမံကိန်းများအနီးကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်ပြီး တော်

လှန်ရေးတပ်ဖွဲ့များ၏ထိုးစစ်များရပ်တန့်အောင် တရုတ်အစိုးရက ဖိအားပေးရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု PDFအချို့ကပြောသည်။

တ​ကောင်းနီကယ်သတ္ထုထုတ်လုပ်မှုစီမံကိန်းကို

၂၀၀၈ ခုနှစ် ဇူလိုင်မှစတင်ကာအမှတ် ၁ သတ္တု

တွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီ Myanmar CNMC Nickel တို့က အကျိုးတူပူး​ပေါင်းလုပ်ကိုင်​နေခြင်းဖြစ်သည်။ နှစ်​ပေါင်း ၂၀ သက်တမ်းရှိသ​ဘောတူစာချုပ်ကိုလက်မှတ်​ရေးထိုးခဲ့သည်။၂၀၁၁ မှစတင်စတင် ၍ နီကယ်တူး​​ဖော်ထုတ်လုပ်ခဲ့ပြီး ၂၀၃၁ အထိ့ဆက်လက်တူး​ဖော်မည်ဖြစ်သည်။ တရုတ် နိုင်ငံပိုင် ကုမ္ပဏီ

ကအ​မေရီကန် ​​ဒေါ်လာ သန်း ၈၀၀ ​ကျော်ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်။

စက်ရုံကို PDF များက သိမ်းပိုက်ထိန်းချုပ်ပြီး​နောက် တရုတ်စက်ရုံမှ တာဝန်ရှိသူများနှင့် PDF များ ညှိနှိုင်း၍ စက်ရုံဆက်လက် လည်ပတ်​နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်​​ရေးအစိုးရ (NUG)က တရုတ်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မည်ဟုမူဝါဒချမှတ်ထားပြီး မူအတိုင်း တကောင်းနီကယ်စက်ရုံပုံမှန်လည်ပတ်နိုင်ရန် ​ဆောင်ရွက်​ပေး​နေ​ကြောင်းလည်း NUG သမ္မတရံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ကျော်​ဇောက ​ပြောသည်။

ထီးချိုင့်မြို့ခံများကမူ ​တော်လှန်​ရေးတပ်ဖွဲ့များအနေဖြင့် မြို့သိမ်းတိုက်ပွဲအား အလျင်အမြန်

ဖော်​တောင်၌ မြို့ကိုသိမ်း​ပေးရန် လိုလားကြောင်းနှင့် မြို့ပျက်သည်အထိ ပေးဆပ်ထားသည့်လူထု

၏ မျှော်လင့်ချက်ကိုအလေးထားရန် ​တောင်းဆို​နေသည်။

(တ​ကောင်းနီကယ်စက်ရုံ စီမံကိန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

Related posts

စကခ ၁၆မှူး ဗိုလ်မှူးချုပ်​သော်ဇင်အိမ်မှ ကျပ်သိန်း​ထောင်ချီတန်ဖိုးရှိသည့် အရက်ပုလင် နှင့် ဝိုင်များကို​တော်လှန်​ရေးတပ်များသိမ်းဆည်းရရှိ

burmesenews

လှိုင်သာယာ (၆)ရပ်ကွက်အတွင်း အကျင့်ပျက်ချစားနေသော အုပ်ချုပ်ရေးမှုးအားအရေးယူပေးပါရန်

burmesenews

တောင်ခမ်း အမြောက်ကွပ်ကဲမှုဌာနချုပ် TNLA ပူးပေါင်းတပ်သိမ်းပိုက်

burmesenews

Leave a Comment