အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ကထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရတဲ့ Mr. Maris Sangiampongsa ထံကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
(၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ၅ရက်)
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခြင်းခံံံံံရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို Mr. Maris Sangiampongsa ထံ ပေးပို့လိုက်ပါတယ်။
စက်ဘာဘာ ၄ ရက်နေ့က ပေးပို့ခဲ့တဲ့ အဲ့ဒီသဝဏ်လွှာထဲမှာ မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုမှာ ထိုင်းနိုင်ငံရဲ့ ကူညီပံ့ပို့ပေးမှုကို အထူးကျေးဇူးတင်ပြီး မြန်မာ့အရေးဆက်လက်ကူညီပေးဖို့အတွက်လည်း Mr. Maris Sangiampongsa ကိုတောင်းဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရနဲ့တိုင်းရင်းသား မဟာမိတ်တွေ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံရန်လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရန်ဖို့မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေးမှာ ပူပေါင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ အခြားကိစ္စတွေဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ကိစ္စ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနှိမ်နင်းရေးကိစ္စတွေနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးကိစ္စတွေမှာ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် Mr. Maris Sangiampongsa ရဲ့ သံတမန်ဆိုင်ရာ နဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေမှာ ကျွမ်းကျင်မှုတွေက ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။