Burmese News
Uncategorized

လောင်းလုံးမှာ ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီး ပျူနဲ့စစ်သား၁၂ယောက် သေကာ အများအပြားထွက်ပြေး..

လောင်းလုံးမှာ ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီး ပျူနဲ့စစ်သား၁၂ယောက် သေကာ အများအပြားထွက်ပြေး..

လက်နက်ခဲယမ်းတွေ ရရှိပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့..

စက်တင်ဘာ ၁၄၊ ၂၀၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ကျောက်နီမော်ရွာ၊ ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနဲ့ပျူ ၁၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှ်ခဲ့သလို စခန်းကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၉ရက်၊ ညနေဘက်က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ပစ်ခတ်ရင်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်ရဲ့အဆိုအရ တိုက်ပွဲဟာ အချိန်၄နာရီနီးပါး ကြာမြင့်ခဲ့ပြီး ပျူစောထီးနဲ့ စစ်သား၁၂ယောက်သေဆုံးခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်အုပ်စုဆီက ကာဘိုင်သေနတ် ၃လက်၊ M16 ၁လက်၊ ဓားမြှောင် ၂လက်၊ လက်ထိပ်၁ခု၊ အဝေးကြည့်မှန်ပြောင်း၁ခု၊ စကားပြောစက် ၂ခု၊ လက်ကိုင်ဖုန်း ၄လုံး၊ ဘဏ်စာအုပ်နဲ့စာရွက်စာတမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သလို စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ပါတယ်။

“ထွက်ပြေးတဲ့ပျူတွေရှိတယ်ဗျ။ တိုက်ပွဲက ပြင်းထန်တယ်လို့ပြောရမယ်။ ဘာလို့ဆို စစ်သင်္ဘောတွေပေါ်ကနေပါ လက်နက်ကြီးပစ်ကူတာ‌တွေရှိလို့ပါ။” လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူ ၁ယောက်ကလည်း မောင်းသတင်းဌာနကိုဖြေပါတယ်။

ကျောက်နီမော်ရွာ ပျူစခန်းတိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျားသစ်နက် အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲထဲ ဓဝယ်အမျိုးသားလွတ်

မြောက်ရေးတပ်တော် (DNLA) ရဲ့ ရဲဘော်၁ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်နေတာဖြစ်တဲ့အတွက် ပြည်သူတွေစစ်ရေးသတိပြုနေထိုင်ကြဖို့နဲ့ ပြည်သူ့ဖက်၊ အမှန်တရားဖက်ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကိုလည်း အမြန်ဆုံးအလင်းဝင်ဖို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

လက်ရှိမှာ လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံတော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ကျောက်နီမော်ရွာ တိုက်ပွဲကနေ သိမ်းဆည်းရမိတဲ့ လက်နက်များ

Related posts

လားရှိုးထိုးစစ်ဆင်ရန်ဆိုကာ မိုင်းရယ်နှင့်တန့်ယန်းသို့ စစ်‌ကောင်စီအင်အားအများအပြားပို့နေ

burmesenews

အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ကို ပစ်မှတ်ထားဟု စစ်ကောင်စီက စွပ်စွဲချက်ထုတ်ပြန်၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာ မိတ်ဖွဲ့ထားဟု စစ်ကောင်စီက ထိုးနှက်

burmesenews

ပြည်လမ်းပေါ်က ဦးတေဇပိုင် ခြံကျယ်ကြီးကို ရုတ်တရက် ရောင်းချ၊ ရွှေ ၁ တန် (ပေါက်ဈေး မြန်မာငွေ သန်း ၄ သိန်းကျော်) ပေးချေရဟုဆို ၊

burmesenews

Leave a Comment