၂ထပ်မြင့်အိမ်တွေတောင်
အပေါ်ထပ်ပါ ရေထပ်မြုပ်တော့မှာဆိုတော့ အထပ်နိမ့် အိမ်သေးသေးလေးတွေကတော့ အကုန်လုံးနီးပါးရေအောက်ရောက်ခါနီးပါပြီ ။
အင်းလေးမှာက အိမ်သေးသေးလေးနဲ့အထပ်နိမ့်တွေက ပိုများပါတယ်။
ဒါက ကိုယ်တိုင်လဲဒေသခံဖြစ်သည့်အတွက် ရေအခြေနေကို အခုလိုခန့်မှန်းနိုင်တာပါ။
တခြားနေရာတွေလို ရေစီးသန်ပြီး ရေကြီးတာထက်စာရင်တော်သေးတယ်လို့ပဲပြောရပါမယ်။
အင်းလေးမှာရှိတဲ့ကုန်စုံဆိုင်တွေကလဲ ရေတက်လာသည့်အတွက်ကြောင့် အကုန်ပိတ်ထားရတယ်လို့ဆိုပါတယ် ။
ပိုက်ဆံရှိရင်တောင်ဝယ်စရာနေရာမရှိပါဘူး ။
အင်းလေးမှာ ရွာပေါင်း ၆၄ ရွာရှိပြီး
အိမ်ခြေကတော့ တစ်ရွာမှာ ၁၅၀ /၂၀၀ အထက်ရှိပါတယ် ။
အောင်ပန်း ကလော ရွှေညောင် ညောင်ရွှေ အဲဒီဘက်က ရေကျသွားရင် အဲဒီကျရေတွေက အင်းထဲကိုပဲပြန်ကျမှာဖြစ်တဲ့အတွက်ကြောင့် အင်းလေးရဲ့အခြေအနေက ရေပိုများလာဖို့ပဲရှိပါတယ်။