Burmese News
Uncategorized

ရဲစခန်းမှအပ ကမ္မတစ်မြို့လုံးကို PDF ထိန်းချုပ်ထားဟုဆို

ရဲစခန်းမှအပ ကမ္မတစ်မြို့လုံးကို PDF ထိန်းချုပ်ထားဟုဆို

15 Sep 2024 By Nway / MPA

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းမှအပ ကျန်တစ်မြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ကမ္မမြို့မရဲစခန်းတွင်သာ စစ်ကောင်စီတပ်သားများ အထိုင်ချနေထိုင်ကြကာ မြို့တွင်းရှိ ကျန်စစ်ကောင်စီစခန်းများကို PDF များက သိမ်းပိုက်ထားကြောင်း People’s Defence Force Kamma ထံက သိရသည်။

“သူတို့ ( စစ်ကောင်စီတပ်သားများ ) က ရဲစခန်းထဲမှာပဲ နေကြတယ်။ အပြင်ကို လုံးဝမထွက်ရဲကြဘူး။ ပြည်သူတွေဆီကလည်း မဝယ်ရဲကြဘူး။ စားနပ်ရိက္ခာကျ စစ်ကြောင်းထိုးပြီး သူတို့အတွက် လာပို့ပေးရတဲ့အနေအထားပေါ့” ဟု People’s Defence Force Kamma သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ဒိုင်းနမိုက်က MPA ကို ပြောသည်။

စက်တင်ဘာ ၁၂ရက်က ကမ္မ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး အူဇီသေနတ်တစ်လက်နှင့် ကျည်များယူဆောင်ကာ အလင်းဝင်လာပြီး အခြားသော အလင်းဝင်ချင်သူများလည်း ရှိနေကြောင်း ရဲဘော်ဒိုင်းနမိုက်ကပြောသည်။

“အခုက ထွက်လာချင်ကြတဲ့သူတွေရှိတယ်။ အခြေအနေမပေးသေးလို့ပေါ့။ တစ်ယောက်ထွက် လာတော့ လုံခြုံရေးတင်းကျပ်ထားတဲ့အနေအထား ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း ကမ္မမြို့မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးရှိကြောင်း သိရသည်။

မြို့မရဲစခန်းသည် ကမ္မမြို့၏ အနောက်ဘက်ပိုင်းတွင် တည်ရှိကာ မြို့နေ ပြည်သူများမှာ ယင်းရဲစခန်းဝန်းကျင်ကို ရှောင်ကွင်းကာ သွားလာနေကြကြောင်း သိရသည်။

ဓာတ်ပုံ – Wikipedia / ကမ္မမြို့အဝင်ဆိုင်းဘုတ်

စာတည်း – ML

Related posts

NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကုလသမဂ္ဂညီလာခံ အစည်းအဝေးများတက်ခွင့်ရ

burmesenews

ဆင်ဖြူရှင် (သို့) Ardennes Offensive

burmesenews

ပခုက္ကူ၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိ

burmesenews

Leave a Comment