Burmese News
Uncategorized

စစ်ပွဲသုံးမောင်းသူမဲ့ဒရုန်း ထုတ်လုပ်ရေးအတွက် တရုတ်ကုမ္ပဏီများနှင့်ဆွေးနွေးရန် စစ်ကောင်စီကို တရုတ်စစ်ဘက်ကခွင့်ပြုခဲ့

စစ်ပွဲသုံးမောင်းသူမဲ့ဒရုန်း ထုတ်လုပ်ရေးအတွက် တရုတ်ကုမ္ပဏီများနှင့်ဆွေးနွေးရန် စစ်ကောင်စီကို တရုတ်စစ်ဘက်ကခွင့်ပြုခဲ့

စက်တင်ဘာ ၁၇ ရက်

တရုတ်စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများသည် စစ်ကောင်စီ၏ကာကွယ်ရေးဝန်ကြီးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံပေကျင်းမြို့သို့ ဖိတ်ခေါ်ခဲ့ပြီး မောင်းသူမဲ့ဒရုန်း အပါအဝင် အီလက်ထရောနစ် စစ်ဆင်ရေးပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရန် တရုတ်ကုမ္ပဏီများနှင့် ဆွေးနွေးခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို တရုတ်ကာကွယ်ရေးဝန်ကြီးက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့ကကျင်းပသည့် ၁၁ ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်ကို တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း စစ်ကောင်စီကာကွယ်ရေးဝန်ကြီးသည် ပေကျင်းအခြေစိုက် အဆင့်မြင့်နည်းပညာ တရုတ်ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဝန်ကြီးနှင့်တရုတ်ကုမ္ပဏီများသည် လေကြောင်း နည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေး နည်းပညာဆိုင်ရာ စစ်လက်နက် ပစ္စည်းများ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့ကသတင်းထုတ်ပြန်သည်။

နိုင်ငံအနှံ့ အရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်သည် တရုတ်ထုတ် တိုက်လေယာဉ်များကို အသုံးပြုတိုက်ခိုက်နေသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်အတွင်းမှစတင်ပြီး မောင်းသူမဲ့ဒရုန်းများကို စစ်ကောင်စီက အသုံးပြုပြီး အရပ်သားများကို တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက စွပ်စွဲထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စစ်တပ်၏ ထောက်လှမ်းရေးဒရုန်း တစ်စီးပျက်ကျပြီး တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ပြီး ထိုဒရုန်းမှာ တရုတ်ထုတ်ဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူတို့ကဆိုသည်။

အဆိုပါဒရုန်းကိုသိမ်းဆည်းခဲ့သည့် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ယင်းဒရုန်းသည် ပြေးလမ်းမလိုဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည့် Vtol (Vertical take-off and landing) အမျိုးအစား ထောက်လှမ်းရေး ဒရုန်းဖြစ်သည်ဟု Myanmar Now ကို စက်တင်ဘာလ ပထမသတင်းပတ်အတွင်းက ပြောကြားခဲ့သည်။

ထို့အတူ စစ်လက်နက်များအကြောင်းလေ့လာရေးသားနေသည့် Tactical Raptor 2.0 Facebook စာမျက်နှာ ပျက်ကျသည့် ဒရုန်းမှာ AheadX ကုမ္ပဏီထုတ် ဒရုန်းအမျိုးအစားများအနက် ကိုယ်ထည်၊ အတောင်ပံ၊ ပန်ကာနှင့် အင်ဂျင်တည်ဆောက်ပုံနှင့် ပန်ကာဒလက်အရောင် ၊ “AheadX” လိုဂိုတို့ကြောင့် ထိုကုမ္ပဏီ ထုတ် QP537 အမျိုးအစားဖြစ်နိုင်ကြောင်း ရေးသားထားသည်။

QP 537 အမျိုးအစား ဒရုန်းများကို AliExpress တွင် ဖော်ပြထားသည့် ဈေးနှုန်းအရ တစ်စင်းလျှင် အမေရိကန် ဒေါ်လာ ၂၆,၆၈၀ (ကျပ်သိန်း ၁၄၀၀ ကျော်) ကျသင့်သည်။

ထိုဒရုန်းအမျိုးအစားမှာ စစ်တပ်ဘက်ဆိုင်ရာသုံးအတွက် သီးသန့်ထုတ်ထားခြင်း မဟုတ်သော်လည်း စွမ်းဆောင်ရည်ကောင်းမွန်သည့် ကင်မရာ၊ အပူပုံရိပ်ဖော်စနစ်များ၊ ထိန်းချုပ်ရလွယ်ကူစေသည့် software များ ပါဝင်လာသည့်အတွက် အပျော်တမ်းအဆင့် မဟုတ်ဘဲ လုပ်ငန်းသုံးအဆင့် (industrial grade) ဖြစ်ကြောင်း Tactical Raptor 2.0 က သုံးသပ်သည်။

အခြားတဖက်တွင်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်များသည် တရုတ်ထုတ်ဒရုန်းအများအပြားကို အသုံးပြုပြီး ၎င်းတို့ကိုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဒရုန်များ၏တိုက်ခိုက်မှုကြောင့် ၎င်းတို့တပ်များ အထိနာခဲ့ကြောင်း စစ်ကောင်စီဘက်က ဝန်ခံထားသည်။

Related posts

MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းအပေါ် အာခါပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မဲရှုံး (၂၅)ပါတီတို့က ထောက်ခံကြောင်း ထုတ်ပြန်

burmesenews

ပြည်နယ်လွတ်မြောက်ရေးအတွက် EROs များက တာဝန်ယူပြီး ပြည်မဒေသလွတ်မြောက်ရေး အ တွက် PDF များက တာဝန်ခွဲဝေထားဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို

burmesenews

ဝက်ထီးကန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနှင့်အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်မြို့မ ရဲစခန်းမှူး နှင့် ကပဆ ၁၉ မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား

burmesenews

Leave a Comment