Burmese News
Myanmar News

စစ်ကောင်စီအတိုက်အခံတွေကို နှီးနှောဖလှယ်ပွဲ တက်ရောက်ဖို့ အိန္ဒိယဖိတ်ကြား

စစ်ကောင်စီအတိုက်အခံတွေကို နှီးနှောဖလှယ်ပွဲ တက်ရောက်ဖို့ အိန္ဒိယဖိတ်ကြား

~~~

■ နယူးဒေလီမြို့မှာ ကျင်းပမယ့် နှီးနှောဖလှယ်ပွဲကို စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေး အတိုက်အခံတွေကို အိန္ဒိယနိုင်ငံက ဖိတ်ကြားထားတယ်လို့ ရိုက်တာ သတင်းက စက်တင်ဘာ ၂၃ ရက်က ဖော်ပြပါတယ်။

သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြတာဖြစ်ပြီး ဒါဟာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံနေဆဲဖြစ်တဲ့ တောင်အာရှအင်အားကြီးနိုင်ငံရဲ့ ထူးခြားတဲ့ အရွေ့လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် နယ်စပ်ချင်း မိုင် တစ်ထောင်ကျော်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံနယ်စပ် မတည်မငြိမ်ဖြစ်ရပါတယ်။ အိန္ဒိယနိုင်ငံအတွက် အဓိကကျတဲ့ စီမံချက်တချို့ကလည်း နယ်စပ်မှာ ရှိနေတာပါ။

နိုဝင်ဘာလလယ်လောက်မှာ ကျင်းပမယ့် အဲဒီနှီးနှောဖလှယ်ပွဲတက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အိန္ဒိယနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလူနည်းစုတွေကို ဖိတ်ကြားထားတယ်လို့ ဒီကိစ္စကို တိုက်ရိုက်သိရှိထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါင်းဆောင်တစ်ယောက်နဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောကြားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစိုးရရန်ပုံငွေနဲ့ ကျင်းပမယ့် အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA)က နှီးနှောဖလှယ်ပွဲ ကျင်းပမှာဖြစ်ပြီး ဒီကောင်စီမှာ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲတက်ရောက်ဖို့ စစ်ကောင်စီကိုလည်း ဖိတ်ကြားသလားဆိုတာ မသိရသေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နဲ့ ဖက်ဒရယ်ဝါဒကို ဆွေးနွေးမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

___________

၂ဝ၂၁ ခုနှစ်အတွင်း တွေ့ရသည့် အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာမြင်ကွင်း။ (Photo: AFP)

Related posts

AA၏ နပခထိုးစစ်စတင် ၊တိုက်ပွဲပြင်းထန်​နေ

burmesenews

လားရှိုးမြို့ ရပ်ကွက် ၃ ခု ရှိ စစ်ဘေးဒုက္ခသည် မိသားစု ၁၄၂ စုထံ MNDAA က ဆန်နဲ့ ဆီ ထောက်ပံ့

burmesenews

မြို့တွေမှာ ပြန်လည်နေထိုင်တဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်မယ်လို့ မင်းအောင်လှိုင် ခြိမ်းခြောက်

burmesenews

Leave a Comment