Burmese News
Uncategorized

NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီးပံ့ပိုးပေးမယ်လို့ အမေရိကန်ပြော

NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီးပံ့ပိုးပေးမယ်လို့ အမေရိကန်ပြော

စက်တင်ဘာ ၂၇ ရက်

အမေရိကန်အစိုးရအနေနဲ့ မြန်မာမှာ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီပြန်လည်ရရှိရေး NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီး ပံ့ပိုးပေးနေမှာဖြစ်သလို လက်ရှိပဋိပက္ခတွေပြေလည်မှုရရှိဖို့ ကြိုးပမ်းမှုတွေကိုလည်းဆက်ပြီးထောက်ခံပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စစ်တပ်ကို အမေရိကန်က တိုက်တွန်းတယ်လို့ လည်းပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အမေရိကန်အစိုးရဆီကနေ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ ရနေပြီး မြန်မာပြည်တွင်းရေးမတည်မငြိမ်ဖြစ်အောင် အမေရိကန်ကလုပ်နေတာဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ အမေရိကန်အစိုးရတုံ့ပြန်ချက်ကို မေးမြန်းမှုကို ပြန်လည်ဖြေကြားချိန်မှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ပုံစာ – ဝါရှင်တန် NUG ရုံးဖွင့်လှစ်ခဲ့မှု ( ပုံဟောင်း)

Related posts

ပေါ်တာဆွဲခံရတဲ့ အရပ်သားသုံးဆယ်နီးပါး စစ်ကောင်စီတပ်သားတွေကို ခုခံထွက်ပြေး

burmesenews

MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းအပေါ် အာခါပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မဲရှုံး (၂၅)ပါတီတို့က ထောက်ခံကြောင်း ထုတ်ပြန်

burmesenews

အင်စိန်ထောင်မှကြိုးပေးခံရတယ်ဆိုပြီး သတင်းထွက်နေတဲ့ ဇနီးမောင်နှံ၂ဦးကို စစ်အုပ်စုက လွှိုင်ကော်ထောင်ပြောင်းရွှေ့

burmesenews

Leave a Comment