လားရှိုးထိုးစစ်ဆင်ရန်ဆိုကာ မိုင်းရယ်နှင့်တန့်ယန်းသို့ စစ်ကောင်စီအင်အားအများအပြားပို့နေ
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်
မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန်အတွက်စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် မိုင်းရယ်နှင့် တန့်ယန်းကို အင်အားအများအပြားပို့
ဆောင်နေကြောင်း သတင်းရရှိသည်။
“မိုးကာပိတ်စစ်ကားတွေအများကြီးပဲ။မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို နေ့တိုင်း သွားနေတယ်။ လားရှိုးကို ပြန်တိုက်ဖို့ လုပ်နေတာ” ဟု ကျေးသီးမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ပင်လုံ-လွိုင်လင်-လဲချား-ကျေးသီး-မိုင်းရယ်လမ်းနှင့် ကျေးသီး-မိုင်းကိုင်-နမ့်လန်-မိုင်းရယ်လမ်းတို့ကို သုံး၍ ကားများဖြင့် မြေပြင်အင်အား တိုးချဲ့နေခြင်းဟု ဒေသခံများကပြောသည်။ထိုသို့အင်အားတိုးချဲ့နေသည်မှာ လားရှိုး ရမခ ကျပြီး ရက်အနည်းငယ်ကတည်းကဖြစ်သော်လည်း စစ်ကောင်စီသည်ရှမ်းမြောက်တွင် ဆုံးရှုံးထားသောနယ်မြေများကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းမရှိဘဲ လေကြောင်းမှသာဗုံးကြဲနေခြင်းဖြစ်သည်။
MNDAAက ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်တွင် ရမခ အပါအဝင် လားရှိုးမြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို သင့်တော်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းခေါင်းဆောင်က ကြုံးဝါးထားသည်။ ထို့နောက် လားရှိုးမြို့အပါ
အဝင်၎င်းတို့လက်လွှတ်ထားရသည့် မြို့များကိုလေကြောင်းမှ ဗုံးကြဲနေသည်။
အထူးသဖြင့် လားရှိုးမြို့ကို သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ့ ဗုံး ၇ ကြိမ်ကြဲခဲ့သဖြင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၃၈ ဦး ဒဏ်
ရာရရှိခဲ့ကြောင်းMNDAAကထုတ်ပြန်ထားသည်။
“လားရှိုးမြို့ရော ရမခကရော ပြန်ရရေးက စစ်ကောင်စီအတွက် အရေးပါနေတယ်။ ဒါကြောင့်တိုင်းမှူးအသစ်က တော်တော်လေး အားစိုက်နေတယ် ဒီအပေါ်မှာ။ သီပေါတောင် ထပ် လက်လွှတ်ရမယ့် အခြေအနေမှာ စစ်ကောင်စီအတွက် မလွယ်ပါဘူး”ဟုရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလေ့
လာသူတစ်ဦးကသုံးသပ်ပြောကြားသည်။
သီပေါမြို့ပြင်ရှိ စစ်ကောင်စီ၏ ခမရ (၅၀၃) နှင့် ခမရ (၅၀၄)ကို TNLA က စက်တင်ဘာ ၂၇ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါတွင် စစ်ကောင်စီတပ်မှ ခလရ ၂၃ တပ်ရင်းသာကျန်ရှိတော့ခြင်းကအထက်ပါပုဂ္ဂိုလ်က ဆိုလိုခြင်းဖြစ်သည်။
MNDAAက အရှေ့မြောက်တိုင်စစ်ဌာနချုပ်
(ရမခ)ကို သိမ်းယူသွားပြီးနောက် စစ်ကောင်စီက
ရမခကို မိုင်းရယ်ဗျူဟာ၌ အစားထိုးဖွင့်လှစ်သည်ဆိုကာအင်အားတိုးနေခြင်းဖြစ်သည်။
MNDAAက မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကိုမူ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံကြောင်းစက်တင်ဘာလ ၁၈ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ထို့အပြင် ထိုးစစ်များလည်း လားရှိုးမြို့သိမ်းပြီးကတည်းက ရပ်တန့်ထားသည်။
ထို့ကြောင့် မြေပြင်မှ အင်အားတိုးနေသည့်စစ်ကောင်စီတပ်များကို MNDAAက၎င်း၏ကတိအတိုင်း မတိုက်ခိုက်ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလေ့လာသူကပြောသည်။
စစ်ကောင်စီကမူ MNDAAအပါအဝင်တော်လှန်
ရေးအဖွဲ့များအားလုံးကို လက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွတ်ပြီး ပါတီထောင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ကြရန် စက်တင်လာလ ၂၆ရက်တွင် ကြေ
ညာခဲ့သည်။သို့သော်လည်းထိုသို့ ကြေညာပြီးနာရီပိုင်းအတွင်းမှာပင် လားရှိုးမြို့ကို စစ်ကောင်စီကဗုံးထပ်ကြဲ သဖြင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေးကြိုးစားမှုများကို အတားအဆီးဖြစ်စေကြောင်း MNDAAက ထုတ်ပြန်ထားသည်။
(လားရှိုးမြို့ရှိ ရမခ ကို MNDAA ဦးဆောင်သောတော်လှန်ရေးတပ်များ က သြဂုတ် ၂ ရက်တွင် သိမ်းပိုက်ပြီးနောက်အောင်ပွဲခံစဥ်။
ဓါတ်ပုံ-MNDAA)