Myanmar News Social News

ခမရ-၃၀၄ ကိုင်နေပြီ ဆို့အောက်တော့မယ်

လိုင်လင်းပီမြို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ၏ ခမရ-၃၀၄ တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်ပိတ်ဆို့ထား၊ စစ်ကောင်စီက လေကြောင်းဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် အခြေစိုက်ထားသည့် ခမရ-၃၀၄ တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လိုင်လင်းပီမြို့၊ အခြေစိုက် (၃၀၄) တပ်စခန်းကို ချင်းအမျိုးသားနှင့် ချင်းကာကွယ်ရေး ကပူးပေါင်းတပ်တို့က ပိတ်ဆို့ဝိုင်းရံခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူ ပို့ခဲ့သလိုလေကြောင်းဖြင့် ရှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“အင်အား ၃၀ခန့်ရှိတယ်။ ကျွန်တော်တို့ဘက်က လက်နက်ချဖို့ ပြောထားပေမယ့် အညံ့မခံဘဲ စစ်ကူတောင်းတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်။ သူတို့ဘက်က ပစ်ခတ်တာလည်း မလုပ်ဘူး။ တပ်ပြင်လည်း ထွက်မလာဘူး။ ခံစစ်ပုံစံပြင်ဆင်ထားပုံရတယ်။ တပ်စခန်းကို အခုထိ ကျွန်တော်တို့ ဝိုင်းရံထားဆဲပါပဲ” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်သုံးလုံးပျက်စီးသွားကြောင်းသိရသည်။

“တောထဲ၊ တောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေ မီဇိုးရမ်ဘက်ကို ရောက်ရှိလာကြတယ်။ အကုန်တော့ မရောက်လာသေးဘူး။ အခုထိ မီဇိုးရမ်ထဲကို စစ်ဘေးရှောင်တွေ ရောက်လာတုန်းပဲ” လို့ မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟာခရိုင်ရှိ စစ်ဘေးရှောင်တာဝန်ခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းမ် (လိုင်လင်းပီ)၊ နိုဝင်ဘာလ ၂၀ ရက်

Related posts

RCSS ယွက်စစ် နဲ့ မအလ တို့တော့ လစ်ဘို့ပြင်ကြတော့…

burmesenews

ဘူးသီးတောင် ခမရ (၅၆၅)နှင့် (၅၅၁)တပ်ရင်း ၂ ခု အကျအဆုံးများနဲ့ စကခ(၁၅) စစ်ဌာနချုပ်သို့ တပ်နောက်ဆုတ်သွားတယ်လို့ ဒေသခံတွေပြောဆို

burmesenews

AA နှင့် ပူးပေါင်းပြီး ရခိုင်တွင်တိုက်ပွဲဝင်နေရာ အောင်မြင်မှုများရရှိနေကြောင်း ယောကာကွယ်ရေးတပ် သတင်းထုတ်ပြန်

burmesenews