Myanmar News

ကနီ ဗျင်းချက် ညစာ မွှင်းခါး ပွဲ ၂၀ အဝဆွဲဗျို့

ကနီ၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ သေဆုံးပြီး စခန်း သိမ်းပိုက်ရရှိ၊ ထွက်ပြေးသော စစ်သားများလည်းရှိနိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးပြီး စခန်း သိမ်းပိုက်ရရှိကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်များက ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း၊ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်သားများလည်းရှိကြောင်း သိရှိရသည်။

“တိုက်ပွဲက မနက်ခင်းအစောပိုင်းက တစ်ကြိမ်တိုက်ပွဲ စဖြစ်တယ်။ အဲဒီလိုတိုက်ပွဲဖြစ်နေပြီး မကြာဘူး၊ နမခကနေ ဂျက်‌လေယာဉ်တစ်စီး မနက် ၈ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်မှုမလုပ်ဘဲ ပတ်ကြည့်သွားတယ်။

နောက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်လောက်ရောက်တော့ဂျက်ဖိုက်တာနဲ့ ဗုံးသီး၃လုံးချပြီး ပစ်ခတ်တာတွေလုပ်သွားသေးတယ်။ အဲဒီလိုပစ်ခတ်လို့ ရွာသား ၄ ဦးကျည် ထိမှန်တယ်။ PDF တပ်တွေဘက်က မွန်းလွဲ ၁ နာရီလောက်ရောက်တော့ ဒုတိယအကြိမ် တိုက်ပွဲထပ်တိုက်တယ်။

မွန်းလွဲ ၃နာရီ ကျတော့ စခန်းကို အပြည့်ဝသိမ်းလိုက်နိုင်လိုက်တယ်။စစ်ခွေးတွေဘက်က ၂၀ ဦး ခန့်ကျဆုံးပြီး စခန်းစွန့် ထွက်ပြေးတဲ့ကောင်တွေလည်းရှိတယ်။ PDF ရဲဘော် ၂ဦးကျဆုံးပြီး၅ ဦးဒဏ်ရာရှိခဲ့တယ်” ဟု ဒေသကာကွယ်ရေးခေါင်းဆောင်က ရှင်းပြသည်။ယခုကဲ့သို့ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီး နောက် လက်နက်များနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများလည်းသိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဖုန်းလိုင်များ ဖြတ်တောက်ထားကြောင်း သိရှိရသည်

Related posts

မတူပီမြို့နယ် ၊ ထယ်ဘွေး စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက တစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိ

burmesenews

ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက်

burmesenews

ခြင်းကြားတွေ အတုန်းအရုန်းပဲ😁 ပွဲ၄၀ အဝဆွဲ

burmesenews