Myanmar News

KTV သွားခဲ့သည့် ဗိုလ်ကြီးတစ်ဦး ငွေမရှင်းနိုင်သဖြင့် ဓားပြတိုက်မှု ပြည့်မြို့တွင်ဖြစ်ပွား

မတ်တူးအဖြူနဲ့ လာကတည်းက သိပီးသား အခုပေါပြီလေ

KTV သွားခဲ့သည့် ဗိုလ်ကြီးတစ်ဦး ငွေမရှင်းနိုင်သဖြင့် ဓားပြတိုက်မှု ပြည့်မြို့တွင်ဖြစ်ပွား

13 Dec 2023 By MPA

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ငွေလွှဲငွေထုတ်ဆိုင်တစ်ခုကို ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ အပေါင်းအပါများက ဓားပြတိုက်မှုပြုလုပ် ခဲ့ကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့( ဒီဇင်ဘာ ၁၂ရက် )၊ မွန်းလွဲ ၃နာရီခန့်က ဗိုလ်ကြီးတစ်ဦးနှင့်အဖွဲ့သည် ပြည်မြို့၊ ရွာဘဲနယ်မြေ မူယာပင်ရပ်၊ နယူဒေးဆီဆိုင်အနီးရှိ ငွေလွှဲငွေထုတ်ဆိုင်အား မက်တူးကားအဖြူရောင်ဖြင့် ရောက်လာပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ် ကြောင်း အခင်းဖြစ်ပွားရာ အိမ်အနီးရှိ ဒေသခံတစ်ဦးက MPA သို့ပြောသည်။

” ဓားပြတိုက်ခံရတဲ့အိမ်က ဆန်ဆိုင်နဲ့ ငွေလဲငွေထုတ် တွဲဖွင့်ထားတာ၊ သားအမိ ၂ ယောက်ကို သေနတ်နဲ့ထောက် လည်ပင်းညှစ်ပြီး ငွေတောင်းတယ်။ သမီးဖြစ်သူက အော်လို့ ရိုက်နှက်သွားတာတွေလုပ်တဲ့ပုံပဲ၊ ၂ ယောက်လုံးဖူး ရောင်‌နေတာ “ဟု ၎င်းကပြောသည်။

ငွေလွှဲငွေထုတ်ပြုလုပ်သည့် နေအိမ်ကို ဓားပြတိုက်ခိုက်ခဲ့သည့် ဗိုလ်ကြီးနှင့်အဖွဲ့သည် အင်းမမြို့အခြေစိုက် ခြေမြန် တပ်မဌာနချုပ်၊ တပ်မ ၆၆ မှဖြစ်ပြီး KTV တွင် ငွေမရှင်းနိုင်သဖြင့် ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း MPA ၏ တပ်တွင်း သတင်းရင်းမြစ်က အတည်ပြုသည် ။

” ၁၁ရက်နေ့ညက KTV သွားကြတာ၊ နောက်နေ့ မနက် ၁၂ရက်နေ့မှာ ငွေမရှင်းနိုင်တော့ဘူးလေ၊ နေ့လယ်ပိုင်းမှာ ဓားပြ တိုက်တာပဲ၊ လောလောဆယ် ဒကစ ( ဒေသကွပ်ကွဲမှု့စစ်ဌာနချုပ် ) အချုပ်ထဲမှာ ဖမ်းထားပါတယ်။ ဒီနေ့ပဲ သူတို့ကို ၆၆ တပ်မမှူးကို လွှဲပေးမယ်ကြားတယ်။ ဒကစမှူးကတော့ စိတ်တွေအရမ်းတိုပြီး သူတို့ကို မနေ့ညကရော ဒီနေ့ရော အစာ၊ ရေမပေးဘဲ ချုပ်ထားခိုင်းထားတာ ” ဟု ၎င်းကပြောသည် ။

အခင်းဖြစ်ပွားရာ‌ဆိုင်သည် ခလရ ၉၅၉ တပ်နှင့် စစ်ကောင်စီတပ်သားများ ကင်းယူထားသော ခေတ္တရာပန်းခြံ ကြား တွင် တည်ရှိသော်လည်း ယခုကဲ့သို့ ဓားပြမှုဖြစ်ပွားခဲ့ခြင်းကြောင်း မြို့နေပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေရကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည် ။

” ဓားပြတိုက်ခံရတဲ့ဆိုင်က မိန်းမတွေပဲရှိတာလေ၊ ဓားပြတိုက်တဲ့လူတွေလဲ ဖမ်းမိတယ်သာကြားတာ၊ သူတို့အချင်း ချင်း ဘယ်လိုညှိပြီး ပြန်လွှတ်ပေးမလဲမှမသိတာ၊ နေရတာက ကျီးလန့်စာစားပါပဲ” ဟု ၎င်းကပြောသည် ။

ယင်းဓားပြတိုက်မှုတွင် ငွေကြေးတန်ဖိုး သိန်း ၁၀၀ခန့်ပါသွားသည်ဟု သိရပြီး ပါသွားသည့် ငွေကြေးများ ပြန်လည်ရရှိခြင်း ရှိမရှိကို MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Related posts

ဘပုတို့ ပြောင်သလင်းခါနေတဲ့အချိန်မှာ ဒို့ကတိုးပီးရင်းတိုးပဲဟေ့…လှလိုက်တာ

burmesenews

KNA အသွင်ပြောင်း BGF ကိုပေးထားတဲ့ စစ်လက်နက်တွေ စစ်ကောင်စီ ပြန်တောင်း

burmesenews

Breaking News

burmesenews