Myanmar News

ရန်ကုန်မြို့ရှိ ရွှေပြည်သာရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များ မိုင်းခွဲတိုက်ခိုက်

ဒီည ရန်ကုန် ဆိုင်းသံကြားရပီ အုန်းးးး(ရုပ်/သံ)

ရန်ကုန်မြို့ရှိ ရွှေပြည်သာရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များ မိုင်းခွဲတိုက်ခိုက်

People’s Spring

ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ယနေ့ (ဒီဇင်ဘာ ၁၆) အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတွင် ရွှေပြည်သာမြို့နယ် ရဲစခန်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြောက်ဒဂုံရှိ K2 KTV၊ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ B3 Bar & KTV တို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“တော်လှန်ရေးကြီး မပြီးသေးပါ။ ပုံမှန်မဟုတ်သောအချိန်မှာ ပုံမှန်ဖြစ်နေသကဲ့သို့ နိုင်ငံတကာမှထင်အောင် နေထိုင်ပြုမူခြင်းသည် ပြည်သူ့ရန်သူ စစ်ကောင်စီကို ထောက်ခံအားပေးရာ ရောက်တယ်။ ဒါ့ကြောင့် အပျော်လွန်ပွဲများ ကျင်းပခြင်းကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပါတယ်”ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအဖွဲ့က ဆိုသည်။

“ရွှေပြည်သာရဲစခန်းကို ပြီးခဲ့တဲ့ရက်က ဗုံးပေါက် သေးတယ်။ အသံကတော်တော် ကျယ်တယ်။ မြေကြီးတောင်တုန်တယ်။ လူထိခိုက်တာ မရှိဘူးလို့ ပြောကြတာပဲ။ ဒါပေမယ့် အဲဒီညက လူနာတင်ယာဥ်တွေ ရဲစခန်းဘက်သွားတာ တွေ့လိုက်တယ်”ဟု ရွှေပြည်သာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်တို့တွင်လည်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအဖွဲ့က စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များဖြစ်သည့် Harry’s Barနှင့် Honey Nest Barတို့ကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

Related posts

“Respectable Yangon, Sanchaoeng”

burmesenews

ဝက်လက်မြို့ပေါ်နှင့် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ် လွင်မိုးအောင် tဆုံး

burmesenews

အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်

burmesenews