Myanmar News

စခန်းသစ်ဗျူဟာကုန်းကို အပြီးသတ်တိုက်ခိုက်ပြီး နမ့်ခမ်းတစ်မြို့နယ်လုံးကို TNLA သိမ်းပိုက်

ပျော်လိုက်အုံးအမျိုးတို့ရေ🙆 နမ့်ခမ်းမြို့ Save နမ့်ခမ်းမြို့ ဆို့အောက်

Breaking New‼: စခန်းသစ်ဗျူဟာကုန်းကို အပြီးသတ်တိုက်ခိုက်ပြီး နမ့်ခမ်းတစ်မြို့နယ်လုံးကို TNLA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မြို့ ၂ မြို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး မန်တုံမြို့နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီ စခန်းသစ်ဗျူဟာကုန်းကို တအာင်းတပ်မတော် (TNLA) နှင့် မဟာမိတ်တပ်များ အပြီးသတ်တိုက်ခိုက်ပြီး နမ့်ခမ်းမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဟု သိရသည်။

နမ့်ခမ်းမြို့နယ်မှ ၁ မိုင်ခန့်အကွာရှိ စခန်းသစ်ဗျူဟာကုန်းကို TNLA နှင့် မဟာမိတ်တပ်များက ရက် ၄၀ ကျော်ကြာ တိုက်ခိုက်ပြီးနောက် နမ့်ခမ်းတစ်မြို့နယ်လုံးကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု TNLA နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယနေ့မနက်တွင် အတည်ပြုပြောသည်

TNLA နှင့် မဟာမိတ်တပ်များက နမ့်ခမ်းမြို့နယ်အတွင်းကို နိုဝင်ဘာ ၇ ရက်နေ့တွင် တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့ပြင်ရှိ လက်ကျန်ဗျူဟာကုန်းမှ ဆက်လက် ခုခံသဖြင့် မဟာမိတ်တပ်များက အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

စခန်းသစ်တပ်စခန်းတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ရှိကာ အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းလည်း ရှိသော အခိုင်အမာတည်ဆောက်ထားသည့် စစ်စခန်းဖြစ်သည်။

စခန်းသစ်ဗျူဟာကုန်း မကျရေး စစ်ကောင်စီတပ်ဘက်က လေယာဉ်မျိုးစုံဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူအမြောက်အမြား အသုံးပြု ခုခံသော်လည်း မဟာမိတ်တပ်များ၏ အပြင်းအထန်ထိုးစစ်ဆင်မှုကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ရက် ၄၀ ကျော်အကြာတွင် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု TNLA က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်မြို့နယ်ကို TNLA က သိမ်းပိုက်ပြီးဖြစ်၍ နမ့်ခမ်းမြို့နယ်သည် ဒုတိယမြောက်သိမ်းပိုက်သည့် မြို့နယ်ဖြစ်လာသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မန်တုံမြို့နှင့် ကွတ်ခိုင်ခရိုင်အတွင်းရှိ ကွတ်ခိုင်မြို့တို့ကိုလည်း TNLA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်လခွဲကျော် ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ခန့်နှင့် မြို့ ၇ မြို့ကို မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် တအာင်းတပ်မတော်(TNLA), ကိုးကန့်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့က သိမ်းပိုက်ထားနိုင်ခဲ့သည်။

တရုတ်နိုင်ငံကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသည်ဟု သတင်းထွက်ပေါ်ပြီးနောက် MNDAA လှုပ်ရှားရာ ကိုးကန့်ဒေသတွင် တိုက်ပွဲများငြိမ်သက်သွားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဆဲဖြစ်သည်။

ယမန်နေ့ နေ့လယ်ပိုင်းတွင် လောက်ကိုင်နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် တရုတ်နှင့် နယ်စပ်ဝင်ပေါက် ရန်လုံကျိုင်းဂိတ်ကို ကိုးကန့်တပ် MNDAA က သေနတ်တစ်ချက်မဖောက်ရဘဲ ထိန်းချုပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်ဆန်မြို့၊ မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်း၊ လောက်ကိုင်မြို့ ရန်လုံကျိုင်းဂိတ်နှင့် ယခု နမ့်ခမ်းမြို့ စခန်းသစ်ကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပါ။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် မိုက်တွင်းနက်နေမည်ဆိုပါက ဒေသရှိ ပြည်သူများသာ ခံစားရမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရပ်သားနေထိုင်ရာနေရာများတွင် လက်နက်ကိုင်အဖွဲ့များရှိပါက စစ်ရေးပစ်မှတ်ဖြစ်လာမည်ဟု သတိပေးထားသည်။

စစ်မြေပြင်ရှိ ရင်ဆိုင်တိုက်ပွဲများတွင် ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သော လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကလည်း ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံမြို့၊ ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲမြို့နယ်တို့တွင် အရပ်သားထိခိုက်သေဆုံးမှုများရှိသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယမန်နေ့ညထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စတုရန်းကီလိုမီတာ ၄၆၆.၈၅ ကျယ်ဝန်းသည့် နမ့်ခမ်းမြို့နယ်ကို ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၄၃ ခုဖြင့် ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော်ရှိပြီး ရှမ်းလူမျိုးအများစုနှင့် ပလောင်နှင့် ကချင်လူမျိုးတို့ နေထိုင်လျက်ရှိသည်။

Related posts

ဘပုတို့ ပြောင်သလင်းခါနေတဲ့အချိန်မှာ ဒို့ကတိုးပီးရင်းတိုးပဲဟေ့…လှလိုက်တာ

burmesenews

မုန်းမြို့ကို ပြန်လည်သိမ်းပိုက်သည်ဟု စစ်ကောင်စီတပ်များ ဓာတ်ပုံရိုက် ဝါဒဖြန့်ခဲ့သည့် ခမရ ၅၉၀ တပ်ကို တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်း စခန်းကို မီးရှို့ (ရုပ်/သံ)

burmesenews

သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထား

burmesenews