Social News

ကမ်းစပ်မှာ မွှင်းခါးတွေ ပုံနေတာဘဲဝေ့

မင်းပြားမြို့ပေါ်သို့ စစ်ကောင်စီက သင်္ဘောဖြင့် စစ်ကူများ လာရောက် အား ဖြည့် စဉ် AA က တိုက်ခိုက်မှု စစ်သားအလောင်း ၇ လောင်းနှင့် လက်နက် များ ရရှိ၊ အိန္ဒိယပြန် စစ်ပြေးများကို ရခိုင်တွင် စစ်တပ်က အင်အားဖြည့်

ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်သို့ စစ်ကောင်စီက စစ်သင်္ဘောဖြင့် ယမန်နေ့ စစ်ကူများ လာရောက်အားဖြည့်ချထားစဉ် ရက္ခိုင်တပ်တော် AA က ကြားဖြတ် တိုက်ခိုက်ရာ စစ်သားအလောင်း ၇ လောင်းနှင့်လက်နက်များ ရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်ကူလာချတဲ့ စစ်သားတစ်သိုက်ကို တိုက်ခိုက်တာမှာ အလောင်း ၇ လောင်း ရတယ်။ လက်နက်တွေလည်းရတယ်” ဟု AA သတင်းရင်းမြစ်က ပြောဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယမန်နေ့ ညပိုင်း ထုတ်ပြန်ချက် တွင် လည်း မင်းပြားမြို့ ပေါ်သို စစ်တပ် နေဗီသင်္ဘောများက အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော် (AA) မှ ချေမှုန်းသုတ်သင်ခဲ့စဉ် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွား ကြသည့် စစ်ပြေး စစ်သားများကို စစ်ကောင်စီက ရက္ခိုင်ဒေသတွင်းရှိ စစ် မျက်နှာစာ အသီးသီးတွင် နေရာချထားရန် စစ်ရေးပြင်ဆင်လျက်ရှိနေကြောင်း ၊

အိန္ဒိယမှ ပြန်လာသည့် စစ်ပြေးအင်အား ၄၀၀ ကျော်ခန့်သည်လည်း လက်ရှိ ရက္ခိုင်စစ်မျက်နှာပြင်အနှံတွင် ရက္ခိုင့်တပ်တော်နှင့် ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီးဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ဆိုသည်။

ထို့ပြင် ရက္ခိုင်ဒေသ၊ မြို့ နယ်အချိုတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ရက္ခိုင်ဒေသတွင်း စစ်ပန်း၍ စစ်ရေးမယှဉ်နိုင်သည့် စစ်ကောင်စီဖက်မှ ရေကြောင်း၊ လေကြောင်း ဖြင့် ရက်ဆက်အင်အားဖြည့်တင်းခြင်းတိုကို

မပြတ်လုပ်ဆောင်နေသည့်အတွက် စစ်ဘောင်ကျယ်ပြန့်လာမည့်အသွင် ရှိနေကြောင်း၊ ယမန်နေ့ ရက္ခိုင်ပြည်၊ ပေါက် တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြိုနယ်များ၌ ရက္ခိုင့် တပ်တော် (AA) နှင့် စစ်ကောင်စီတိုကြား နှစ်ဖက်ရင် ဆိုင်တိုက် ပွဲအချိုရှိခဲ့ ကြောင်း သိရှိရသည်။

အလားတူ ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ “ခမရ (၃၇၇) တပ်ရင်း” က ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် အရပ်သား ပြည်သူ များနေထိုင်ရာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် တမင် တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

အဆိုပါလက်နက် ကြီးကျည်အချိုမှာ အောင်မင်္ဂလာရပ်ကွက်အတွင်းသို ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် နာရီဝက်ခန့်နီးပါး မီးလောင်ခဲ့ရကာ လူနေအိမ် (၆) လုံးမှာ ပြာကျ ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။ ။

တစ်ဆက်တည်းမှာပင် ရမ်းဗြဲနှင့် အမ်းမြိုနယ်များတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၊ ရက္ခိုင်ပြည်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြိုနယ်များတွင်လည်း စစ်ကောင်စီ က စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့နေရာချထားမှုများအား ဆက် တိုက် လုပ်ဆောင်လာနေကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က စစ်ရှိန်မြင့်တက်နေသည့် ရက္ခိုင်ဒေသအပါအဝင် ရှမ်းမြောက်နှင့် ထိစပ်နေသည့် နေရာအချို့တွင် ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြတ်တောက်ထားသည့်အတွက် အရပ်သား ပြည်သူ များအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ မှာ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ညီနောင် ၃ ဖွဲ့က ဆိုသည်။

Related posts

လိုင်းမဆင်းနဲ့အုံး သိမ်းလိုက်ပြန်ပြီ

burmesenews

အိမ်တံခါးဝရောက်လာသည့် စစ်မှုထမ်းဥပဒေ

burmesenews

နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုံ မြို့နယ်တို့ရှိ စစ်စခန်းများကို TNLA က တိုက်ခိုက်၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းဖြင့် ဗုံးကျဲ

burmesenews