Social News

စွပု လောင်လိုက်ဦး ပြေးပြန်ပြီဟေ့ အုပ်စုလိုက်

ဇန်နဝါရီ ၃၁

ရခိုင်ပြည်၊ တောင်ကုတ်မြို့ အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သား စစ်သား ၁၂ ဦးမှာ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း ခိုင်လုံသည့် တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက် အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ တောင်ကုတ်တက္ကသိုလ်အနီး၊ မီးကျောင်းထိုးရွာအနီး တောင်ကုတ်-အမ်း၊ စစ်တွေ စစ်ဆေးရေး ဂိတ်မှ ၅ဦး၊ စကခ (၅)တပ်ထဲက (၇)ဦး၊ စုစုပေါင်း ၁၂ဦးတို့မှာ လက်နက်ကိုယ်စီးနှင့် ထွက်ပြေးသွားကြကြောင်း သတင်းရင်းမြစ်က Western News ကို ပြောသည်။

အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက “အားလုံးက ၁၂ ဦးပါခင်ဗျ။ တောင်ကုတ်-အမ်း၊ စစ်တွေ စစ်ဆေးရေး ဂိတ်မှ ၅ဦးရယ်။ ပြီးတော့ စကခ (၅)တပ်ထဲ က (၇) ဦးပါ စုစုပေါင်း ၁၂ ဦးပါ။ လက်နက်တွေ အကုန် ပါသွားပါတယ်။ လက်နက်အပြည့်အစုံနဲ့ ပြေးသွားတာပါ။ ၂၇ ရက်နေ့ ကတည်းက ထွက်ပြေးသွားတာပါ”ဟုပြောသည်။

အဆိုပါစစ်ကောင်စီ တပ်သားများသည် တောင်ကုတ်မြို့ အဝင် စစ်ဆေးရေးဂိတ်များဖြစ်သည့် မောင်းတန်စစ်ဆေးရေးဂိတ်နှင့်၊ ဖုံညိုစစ်ဆေးရေးဂိတ်မှတို့ဖြစ်ကြပြီး ၎င်းတို့မှာ ယင်းဂိတ်တို့တွင် တာဝန်ကျနေသူများဖြစ်ကြောင်း သိရသည်။

လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွားသည့် အဆိုပါ စစ်ကောင်စီတပ်သားများကို ရအောင်ဖမ်းဆီးရန် တောင်ကုတ် တပ်မမှူးကိုယ်တိုင် ညွန်ကြားထားပြီ အဆိုပါ တပ်သားများဖမ်းဆီး၍ မရပါက တပ်သားများအား အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၂၇ ရက်နေ့က ထွက်ပြေးသွားသည့် အဆိုပါ စစ်သားများမှာ ရာထူးနှင့် အဆင့်များကို Western News က သီးခြားအတည်ပြု၍ မရရှိသော်လည်း ၎င်းတို့မှာ တပ်သားအဆင့်ရှိသူများ ဖြစ်ကြကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်စဉ်ကတည်းက စစ်ကောင်စီတပ်သားများမှာ မိမိထမ်းဆောင်နေသည့်နေရာမှ တစ်ခြားနေရာသို့ အများအပြား ထွက်ပြေးနေကြပြီး AA ထံသို့ အလင်းဝင်ရောက်မှုလည်း ရာနှင့်ချီ ရှိနေသည်။

ထို့ပြင် လက်ရှိ AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေချိန်တွင်လည်း စစ်ကောင်စီတပ်၏ တပ်ရင်း၊ စခန်းကြီး၊ စခန်းငယ်တို့မှ ရုပ်သိမ်းပြီး ထွက်ပြေးကြသလို တစ်ခြားတပ်များနှင့်လည်း ပူးပေါင်းသွားသည့်များလည်း ရှိကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၃ လတာကာလအတွင်း လက်နက်ချအညံ့ခံလာပြီး အသက်ရှင်ခွင့် ရသွားသည့် စစ်ကောင်စီတပ်သား ၆၀၀၀ ကျော်ရှိကြောင်း ညီနောင်အဖွဲ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

Related posts

ဘယ်လိုတောင်ပုန်းနေကြတာလဲကွာ စတန်းဒက်အာမီ စစ်သားကြီးတွေ မနည်းခေါ်ထုတ်ရတယ် အဟိ(ရုပ်/သံ)

burmesenews

စိုးဝင်းကြီး ကိုယ်တိုင် “ကြယ်မ”တော့ “ကျမယ်” ဆိုတဲ့ အတိတ်နမိတ်ပဲ

burmesenews

မိုးမိတ် ၈၀% ဆို့အောက်

burmesenews