Uncategorized

ဒါနဲ့များ ဂေါင်းသေးလေးတွေက စစ်နိုင်ဖို မျှော်လင့်နေသေးတယ်။ အ..ဟစ်..ဟစ်..

အရပ်သား အစိုးရတွေ အုပ်ချုပ်ခဲ့တဲ့ ပုံမှန် အခြေအနေမှာတောင် တိုင်းပြည်ရဲ့ နှစ်စဉ် ဘတ်ဂျက်ထဲက ၃ ပုံ ၁ ပုံကို ကာကွယ်ရေး အသုံးစရိတ်အတွက် လွှတ်တော်က ခွင့်ပြုပေးခဲ့ရပြီး ပြန်လည် စာရင်းစစ်ခွင့် မရပဲ ထင်သလို သုံးစွဲခဲ့ကြတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စုစုပေါင်း ဘတ်ဂျက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်အထိ စစ်ရေးအတွက် အသုံးပြုခဲ့တယ်လို တပ်တွင်း သတင်းရင်းမြစ်အရ သိရတယ်။ ပိုခိုးလို ရသွားတာပေါ့။

အောက်ခြေမှာကတော့ ခြင်းကြားနဲ့ အာကာထွန်းပါပဲ။ ဘာမှ တိုးတက်မလာဘူး။ MA စောက်စုတ်တွေ ဆိုရင် ၃ လက်မှာ ၁ လက်က ကျည်ညပ်လို ပစ်မရဘူး ဆိုတာ ရှေ့တန်းထွက်ရတဲ့ စစ်သားတိုင်း သိကြတယ်။

ဘတ်ဂျက် ဘယ်လောက်ပဲသုံးသုံး ဝယ်ယူရေးနဲ့ ထုတ်လုပ်ရေးက စစ်ဗိုလ်ချုပ်တွေပဲ ချမ်းသာပြီးရင်း ချမ်းသာလာကြတာပဲ။ ကျန်တာ မကြည့်နဲ့။ ၂၀၂၂ အကုန်လောက်က ဝယ်ယူခဲ့တဲ့ ဒရုန်းပစ် သေနတ်တွေ ဒရုန်းဖြတ်စက်တွေ ဘာ့ကြောင့် အလုပ်မလုပ်လဲ။

ဈေးကို ၃ ဆ မကတင် စာရင်းပြပြီး ပစ္စည်းကို မူလအရည်အသွေးထက် ထက်ဝက်မက ကွာလတီလျော့ခိုင်းထားတယ် ဆိုတာ အတိအကျ သိရတယ်။ ဒီကိစ္စ 4C ချန်နယ်မှာ 1027 operation မတိုင်မီကတည်းက ကြိုပြီး ရေးဖူးတယ်။

ဒါ ထင်သာမြင်သာ နမူနာပဲ ရှိသေးတာ။ သံချပ်ကာတွေ လေယာဉ်တွေ သင်္ဘောတွေ ဝယ်ယူရာမှာ အချီကြီး ဝိုက်ခဲ့ကြတာတွေ မပြောသေးဘူး။

ဒါနဲ့များ ဂေါင်းသေးလေးတွေက စစ်နိုင်ဖို မျှော်လင့်နေသေးတယ်။

အ..ဟစ်..ဟစ်

Related posts

ဆားလင်းကြီး အက်ရှင်လာပီ မွှင်းခါး၅ပွဲဗျာ(ရုပ်/သံ)

burmesenews

မိုးမိတ်မြို့နှင့် ၄မိုင်အကွာ ရောက်လို့လာ

burmesenews

လားရှိုးနဲ့ မိုးကုတ် ဒီည ပွဲစပြီ

burmesenews