Uncategorized

အယ်ဘရေ မိုက်တဲတော့ ကုန်ပီ (ရုပ်/သံ)

နွားထိုးကြီးတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီး၊ စစ်တပ်စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်/သံ)

ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီ တပ်သားလိုက်ပါသော ကား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ မှတ်ခရာကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် နွားထိုးကြီး -မြင်းခြံလမ်းပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ် သား ၅၀ ခန့်လိုက်ပါလာသည့် ကား ၂ စီးကို ၃ ကြိမ်မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်ပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေစဉ် Fixed Wings ဒရုန်းလေယာဉ်များဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ ရဲစခန်းကို Drone ဖြင့် ဗုံးသီး ၂ လုံး၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားနေထိုင်ရာ လျှပ်စစ်ဓာတ် အားပေးခွဲရုံကို ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း NRDF၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် Myingyan District Drone Strike အမှတ် – 1848 ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Related posts

ရွှေပြည်စိုးကမင်းသားတွေပါ (ရုပ်/သံ)

burmesenews

ဆားလင်းကြီး အက်ရှင်လာပီ မွှင်းခါး၅ပွဲဗျာ(ရုပ်/သံ)

burmesenews

ထိပ်တန်းလျှို့ဝှက်တဲ့ ဘယ်သူ့မှ မပြနဲ့နော်

burmesenews