Myanmar News

KIA၏ မဂျီဂုံစခန်းသိမ်းပိုက်မှု လက်နက်ခဲယမ်းများနှင့် ဟောင်ဝစ်ဇာနှစ်လက်ရ

KIA၏ မဂျီဂုံစခန်းသိမ်းပိုက်မှု လက်နက်ခဲယမ်းများနှင့် ဟောင်ဝစ်ဇာနှစ်လက်ရ

ကချင်ပြည်နယ် မံစီမြို့နယ် စစ်ကောင်စီ​၏ မဂျီဂုံစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယမန်နေ့ (မတ်လ ၃ရက်)တွင် တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး ဟောင်ဝစ်ဇာအမြောက် နှစ်လက်ပါဝင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

၁၀၅ မမ ဟောင်ဝစ်ဇာအမြောက် နှစ်လက်ရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က မတ်လ ၃ရက် မဂျီဂုံစခန်း သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းရရှိမှု အခြေအနေကို ပြောသည်။

အခြား KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဟောင်ဝစ်ဇာအမြောက် နှစ်လက်ရရှိမှုကို အတည်ပြုသည်။

“သိမ်းဆည်းရရှိ(လက်နက်ခဲယမ်းသိမ်းဆည်းရရှိ)တာ ကားနှစ်စီးစာရှိတယ်ပြောတယ်။ ပုံတော့ မရဘူး။ ဟောင်ဝစ်ဇာအမြောက် ၂လက်ရတယ်ဆိုတာ ဟုတ်တယ်။ ၁၀၅ မမ”ဟု KIA သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

မဂျီဂုံစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး ဖမ်းဆီးရရှိမှုနှင့် စစ်ကောင်စီတပ်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဟု ဆိုသည်။

KIA အနေဖြင့် စခန်းသိမ်းတိုက်ပွဲများ၌ နှစ်ဖက်သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှုများကို တရားဝင် ထုတ်ပြန်လေ့မရှိပေ။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း မံစီမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ရာ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်းနှင့်စီခမ်းကြီး(ဂျယ်ခမ်း)စခန်းတို့မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးပြောကြားထားသည်။

စစ်ကောင်စီ​၏ မဂျီဂုံစခန်းမှ သိမ်းဆည်းရရှိ​သော​ဟောင်ဝပ်ဇာနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဉ်။ဓာတ်ပုံ – CJ)

ဟန်နွေ/People’s Spring

Related posts

ကျဆုံးမှုများနေသည့် ရှမ်းမြောက်ဒေသသို့ သွားလိုခြင်းမရှိကြောင်း အာဏာဖီဆန်သည့် တပ်မ ၉၉ မှ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ၂ ဦးကို အရန်အင်အားပို့

burmesenews

ဘလက်ဘောက်တောင် လာမဖြုတ်တော့ဘူး လင်ပျံကအသစ်ကြီးဆိုတော့ အတော်စိတ်နာ သွားပုံရတယ်

burmesenews

ကညွတ်ကွင်း… ပွဲကြမ်းနေပီ သတင်းကောင်းမျှော်

burmesenews