Editor's Picks Myanmar News Social News

ဗြိတိန်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနီးပါးသို့ ခရီးသွားလာခြင်း မပြုရန် အကြံပြုတားမြစ်ထား

ဗြိတိန်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနီးပါးသို့

ခရီးသွားလာခြင်း မပြုရန် အကြံပြုတားမြစ်ထား

ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့်ဖွံ့ဖြိုးမှုရုံး(FCDO)

သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနီးပါးကို ခရီးသွားလာခြင်းမပြုရန်တားမြစ်ပိတ်ပင်ထားပြီး ခရီးသွားလာနိုင်သည့် ဧရိယာမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် နေပြည်တော် ကွက်ကွက်လေးသာ ကျန်ရှိသည်။

FCDO က ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား

(ကရင်နီ)ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်း၊ စစ်ကိုင်းတိုင််း၊ မကွေးတိုင်း၊ တန

င်္သာရီတိုင်း(မြိတ်မြို့နယ်၊ ကျွန်းစုများနှင့် တနင်္သာရီမြို့နယ်

၏ တောင်ပိုင််းမြို့နယ်များမှအပ)၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်းရှိ ရန်ကုန်-မန္တလေး

အဝေးပြေးလမ်းမအရှေ့ခြမ်းတို့ကို ခရီးသွားလာခွင့်

မပြုလုပ်သင့် ကြောင်း တင်းကြပ်စွာတားမြစ်ထားသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင််း၊ တနင်္သာရီမြို့နယ်တောင်ပိုင််း တနင်္သာရီတိုင်း၊ ရခိုင်

ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းတစ်တိုင်းလုံးနီးပါးတို့ကိုလည်း FCDO က မဖြစ်မနေအရေးကြီးအခြေအနေမှလွဲ၍ ခရီးသွားခွင့် တားမြစ်ထားသည်။

ထို့​ကြောင့် အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာနေပြည်

တော်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သာ ခရီးသွားလာခြင်းမပြုမီ ဗြိတိန်၏ ခရီးသွားလာမှုဆိုင်ရာအကြံပြုချက်များကို လေ့လာကြည့်ရှုရန် FCDO က အသိပေးထားသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေမှာ ကြိုတင်ခန့်မှန်းထား၍မရကြောင်းနှင့် ကြိုတင်ကြေညာခြင်းမရှိဘဲ အပြောင်းအလဲများ ဖြစ်တတ်ကြောင်း ဗြိတိန်က အသိပေးသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုအများအပြား နိုင်ငံတဝန်း သိသာစွာဖြစ်ပွားနေသည်ဟု ဗြိတိန်က ဖော်ပြသည်။

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် တိုက်ခိုက်မှုများမှာ စစ်တပ် သို့မဟုတ် စစ်တပ်နှင့်ဆက်စပ်နေသာ နေရာများဖြစ်သော အစိုးရရုံးအဆောက်အဦများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို အဓိက ပစ်မှတ်ထားသည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံခြားသားများ ပုံမှန်မကြာခဏ သွားရောက်လေ့ရှိသော ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာများနှင့် နေထိုင်ရာဝန်းကဲ့သို့သော ဧရိယာများအပါအဝင် အရပ်သား ပြည်သူများအပေါ်တွင်လည်း တိုက်ခိုက်မှုများမှာ သက်ရောက်နိုင်ကြောင်း ဗြိတိန်က အသိပေးသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကိုင်တိုက်ပွဲများအပါအဝင် နိုင်ငံတဝန်း သိသာထင်ရှားသည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ ဖြစ်ပွားနေကြောင်း ဗြိတိန်က ထုတ်ပြန်သည်။

(နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတိုက်ပွဲများအရှိန် မြှင့်တက်လာပြီး​နောက် ဗြိတိန် အစိုးရက သတ်မှတ်​သော ခရီးလုံးဝမသွားရန်အကြံပြု​သော ဧရိယာ အနီ​ရောင်မှာလည်း ပိုကျယ်ပြန့်လာကာတစ်နိုင်ငံလုံးနီးပါး ဖြစ်လာသည်။

ထားအိ/People’s Spring

Related posts

ယနေ့ည တင်နီလာအေးတို့ ရှယ်တီးနေပြီ

burmesenews

လှိုင်သာယာ အုံးးး 

burmesenews

ထားဝယ်မြို့နယ်၊ ကျောက်ထု တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

burmesenews