Myanmar News

ရတခ တိုင်းရုံးထဲက ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ အစည်းအဝေး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရ

ရတခ တိုင်းရုံးထဲက ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ အစည်းအဝေး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရ
===========
ဧပြီ ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း ဒုစစ်ခေါင်းဆောင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ အစည်းအဝေး ပြုလုပ်နေချိန် ကာမိကာဇဲ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက် ခံခဲ့ရပါတယ်။

ဧပြီလ ၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ ရှာထူးဝေါ်နည်းပညာ တပ်ဖွဲ့ Alpha Bats Drone Force တပ်ခွဲ က ကာမီကာဇေ Fixed Wing Drone ၅ စီးဖြင့် အစည်းအဝေးပြုလုပ်ရာ နေရာနဲ့ ရဟတ်ယာဉ် နှစ်စင်း ရပ်ထား တဲ့ ကွင်းနေရာတို့ကို ထပ်မံတိုက်ခိုက်ခဲ့တာပါ။

တောင်ပိုင်းစစ်မျက်နှာမှာ အထိနာနေတာကြောင့် ဖိအားပေးနိုင်ရန် ဒုချုပ် စိုးဝင်း ကိုယ်တိုင်ဦးဆောင်ပြီး ရတခ တိုင်းရုံးမှာ အထူးအစည်းအဝေး ပြုလုပ်နေတာဖြစ်ပြီး အရှေ့တရက် ဧပြီလ ၈ ရက်ကလည်း ဒရုန်း ၂ စီး ဖြင့် တိုက်ခိုက်ခံခဲ့ရတာကြောင့် အဆိုပါ အစည်းအဝေး ပျက်ခဲ့ရပါတယ်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို အသေးစိတ် မသိရသေးပေမယ့် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ရှေ့လမ်းကို ပိတ်ထားပြီး စစ်ကားများ မော်လမြိုင် လေယာဉ်ကွင်းဘက်ကို ထွက်သွားကြောင်း ဒေသခံများက ပြောပြပါတယ်။

ထို့အပြင် တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် တနေကုန်ပစ်ခတ်နေပြီး ကင်းထောက် လေယာဉ် များလဲ မနေ့ညက ပျံသန်းခဲ့ကာ လုံခြုံရေးများလည်း တင်းကျပ်ထားတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ ကလည်း စစ်ကောင်စီရဲ့ ဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရတခ တိုင်းမှူးတို့ အဖွဲ့ မုဒုံမြို့ရှိ လေဆိပ် စီမံကိန်းရှိရာကို လာရောက်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပါသေးတယ်။

Radio NUG

Related posts

စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော် သိမ်းပိုက်ထားကြောင်း AA ထုတ်ပြန်

burmesenews

ဘန်ကာထဲ ကွက်တိ မိချက်ကြီး (ရုပ်/သံ)

burmesenews

အောင်​ဇေယျစစ်​ကြောင်း​တစ်လပြည့်​နေ့တွင် ဒေါန​တောင်​ပေါ်၌ အင်အား ၉၀၀ခန့်ဖြင့် သုံးကြိမ်စစ်​ကြောင်းထိုးရာ သုံးကြိမ်စလုံးလန်ကျ

burmesenews