Myanmar News

စကစတပ်သားများထွက်ပြေးစွန့်ခွာသွားသော လွယ်ဆိုင်တပ်စခန်းမှ လက်နက်ခဲယမ်းအများအပြား KIAသိမ်းဆည်းရမိ။

စကစတပ်သားများထွက်ပြေးစွန့်ခွာသွားသော လွယ်ဆိုင်တပ်စခန်းမှ လက်နက်ခဲယမ်းအများအပြား KIAသိမ်းဆည်းရမိ။

ကာမိုင်း- ၁၈ ဧပြီ ၂၀၂၄။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လွယ်ဆိုင်ကျေးရွာရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးစွန့်ခွာသွားသော လွယ်ဆိုင်တာဝါတိုင်တပ်စခန်းကို ယမန်နေ့ ဧပြီလ (၁၇)ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်တော် KIAမှ ဝင်ရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လွယ်ဆိုင်တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများသည် ဧပြီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် စခန်းအား စွန့်ခွာထွက်ပြေးသွားကြပြီး ကာမိုင်းဗျူဟာတပ်စခန်းသို့ ဝင်ရောက်ပူးပေါင်းသွားကြကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက 7Stars Newsကို ပြောသည်။

“အင်အား သိပ်တော့မများဘူးလို့ သိရတယ်။ ကာမိုင်းဗျူဟာကို သွားပေါင်းကြတယ်လို့လည်း သိရတယ်။ ဗိုလ်မှူး တစ်ယောက်ပါတယ်။ ကားတစ်စီးနဲ့ ထွက်သွားကြတယ်။”ဟု ပြောသည်။
လွယ်ဆိုင်ရှိ စကစတပ်စခန်းမှ ထွက်ပြေးသွားသော တပ်သားများတွင် ဗိုလ်မှူး သန်းဌေးဦး ဆိုသူလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို KIAနှင့် ပူးပေါင်းတပ်တို့မှ ဝင်ရောက်ရှင်းလင်းရာတွင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်မြစ်က 7 Stars Newsကို ပြောသည်။
“စခန်းထဲကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းကျည်တွေကို ကား(၁)စီးနဲ့ (၂)ခေါက်သယ်လိုက်ရပါတယ်။”ဟု ပြောသည်။

တနိုင်းမြို့နယ်ရှိ ခလရ-၂၉၇တပ်စခန်းကို ယမန်နေ့ ဧပြီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

Related posts

ပန်းပဲခူးခူး လမ်းဘဲကူးကူး ဂရုစိုက်ပါ ဂေါင်းကြီးတို့ရေ

burmesenews

ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်စခန်း နှစ်ခုသိမ်းပိုက်မှု ၁၅ဦး အရှင်မိထားဟု KIA စစ်ရေးသတင်းရင်းမြစ်ပြော

burmesenews

တေမာကြောက်လို့ပြေးပါတယ်ဆိုမှ ပြန်ဝင်ပါ့မလား ဂေါင်းသေးတို့ရာ(ရုပ်/သံ)

burmesenews