Myanmar News

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ ဆူနာမီသတိပေးချက်ထုတ်ပြန်၊ လူပေါင်း ၁၁၀၀၀ ကို နေရာရွှေ့ပြောင်းခိုင်း

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ ဆူနာမီသတိပေးချက်ထုတ်ပြန်၊ လူပေါင်း ၁၁၀၀၀ ကို နေရာရွှေ့ပြောင်းခိုင်း

ဧပြီလ ၁၈ ရက်

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမြောက်ဘက်မှာရှိတဲ့ ရူအန်းမီးတောင်ကြီး ၅ကြိမ် ထက်မနည်း အကြီးစားပေါက်ကွဲမှုဖြစ်တာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ဆူနာမီသတိပေးချက်ထုတ်ပြန်သလို အနီးအားဒေသက လူပေါင်း ၁၁၀၀၀ ကို အရေးပေါ် ရွှေ့ပြောင်းခိုင်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေသန်း ၂၇၀ ရှိပြီး မီးတောင်ရှင် ၁၂၀ ကျော်ရှိသလို မကြာခဏ မီးတောင်ပေါက်ကွဲမှု တွေ ရှိနေခဲ့ပါတယ်။

အခု ရူအန်းမီးတောင်ကြီးပေါက်ကွဲမှုမှာ မီးတောင်အနီး အနည်းဆုံး ၆ ကီလိုမီတာ (၃ . ၇ မိုင်) အတွင်းနေထိုင်သူတွေ၊ နိုင်ငံခြားခရီးသွားတွေကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် ခဲ့တာပဲဖြစ်ပါတယ်။

၁၈၇၁ ခုနှစ်က ဒီမီးတောင်ပဲ ပေါက်ကွဲခဲ့ပြီး ပင်လယ်ထဲ ပြိုကျမှုတွေကြောင့် ဆူနာမီလှိုင်းတွေဖြစ်ခဲ့သေးလို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဆူနာမီသတိပေးချက်ပါ တစ်ပါတည်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အနီးအနားနေထိုင်သူတွေဟ လှေနဲ့ ၆ နာရီကြာ ခရီးသွားရတဲ့ အနီးဆုံးမြို့ မာနာဒိုကို ပြောင်းရွှေ့ကြဖို့ သတိပေး ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က အာနက်ကရာကာတူ မီးတောင် ပေါက်ကွဲမှုကြောင့် ပင်လယ်ထဲ တောင်ပြိုကျမှုကနေ ဆူမားတြားနဲ့ ဂျာဗားကျွန်းကမ်းခြေတွေကို ဆူနာမီလှိုင်းရိုက်ခတ်ခဲ့လို့ လူပေါင်း ၄၃၀ သေဆုံးခဲ့ရပါသေးတယ်။

Ref: itv
#MKN
#HlaingInfo

Related posts

ရှယ်မိုက်ပြီဟေ့ ကျားတောင်ပံတပ်ပေးလိုက်သလိုဘဲ

burmesenews

ခရမ်းနှင့် သုံးခွမြို့ရှိ စစ်ရေး‌ပစ်မှတ်လေးနေရာကို PDFတိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးခန့်ဒဏ်ရာရဟုဆို

burmesenews

ရန်ကုန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ စင်းလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ပြီး သံဆူးကြိုးများပါ ချထား

burmesenews