Myanmar News

Safe House -Yangon သင်္ကြန်ပွဲ တက်ရောက်သူများ ပွဲဝင်ခွင့် လက်ပတ်ကြောင့် အရေပြား ဆိုးဆိုးဝါးဝါး ထိခိုက်

Safe House -Yangon သင်္ကြန်ပွဲ တက်ရောက်သူများ ပွဲဝင်ခွင့် လက်ပတ်ကြောင့် အရေပြား ဆိုးဆိုးဝါးဝါး ထိခိုက်

■ ပွဲစီစဉ်သူသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး၏ သူငယ်ချင်း ဖြစ်သူ Boycott စာရင်းဝင် ဂျူးချစ်သင်ဇာ ဖြစ်

ဧပြီ ၁၉ ရက်

ရန်ကုန်မြို့ Sedona Hotel Yangon ၏ Safe House-Yangon တွင် စီစဉ်သည့် သင်္ကြန်ရက်ပွဲတွင် ပွဲဝင်ခွင့် လက်ပတ်ကြောင့် ပွဲလာသူအချို့၏ လက်တွင် အရေပြားကွာကျလောင်ကျွမ်းသည်အထိ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာ၏ သတင်းရင်းမြစ်များက ပြောဆိုသည်။

အဆိုပါ Safe House -Yangon သင်္ကြန်ပွဲကို စီစဉ်သူသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီးနှင့် သူငယ်ချင်း စီးပွားဖက်ဖြစ်သည့် Boycott စာရင်းဝင် ဂျူးချစ်သင်ဇာ တို့ ဦးစီးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။

“Sedona hotel yangon မှာ Safe House ဆို တဲ့ ပွဲ စီစဉ်တဲ့ သူဟာ အရင်ထဲ က Boycott list ထဲ မှာ ပါတဲ့ လင်မယား ပါ။ ဂျူးချစ်သင်ဇာ ဆို တဲ့ သူက မအလ သမီးနဲ့ သူငယ်ချင်း သူ့ အဖေ ကလည်း အရင် စစ်ဗိုလ်အရာရှိထဲကပါ။ အခု တော့ အငြိမ်းစား Sedona hotel yangon ( Safe House ) ပွဲ သွားတဲ့ သူ တော်တော်များများ လက်မှာ ယားနာတွေ ဖြစ်နေကြပါတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဂျူးချစ်သင်ဇာနှင့် သစ်မင်းဆွေတို့ လင်မယား၏ Hi So Heaven Bar ၊ Bar Dubai ၊ Curvy Waist Trainer ၊ In Time Delivery Service ၊ Mask Culture Entertainment,Mdy က The Flash ၊ Safe House Club ၊ Bass Kingdom ၊ Fullmoon Festival စသည့် စီးပွားရေးများကို လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး ဖြစ်သူသည် ၎င်းတို့၏ လုပ်ငန်းများတွင် အဓိက ရှယ်ယာရှင်အဖြစ် ပါဝင်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။

Related posts

“တလှိုင်းပြီး တလှိုင်းလာမှာ။ လှိုင်းအငယ်(စခန်းငယ်)တွေကို သိမ်းပြီး လှိုင်းကြီးတွေလာမှာ”

burmesenews

ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် PDF တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ကို PDF တပ်များ ဆက်လက်ထိန်းချုပ်ထား၊ စစ်တပ်ကို နှစ်ဖက်ညှပ် ပိတ်ဆို့ထားနိုင်

burmesenews

နှုံးဘူး ဗျူဟာ မှာ မတ်စိ ကိုက်သွားသူ ဟန်းကောမှူးကြီးဖြစ်ကြောင်း ပါ ခင်ဗျာ ။

burmesenews