Uncategorized

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်

■ နယ်စပ်ကုန်သွယ်ရေးမြို့ ၅ ခုကို ထိန်းချုပ်ထားပြီး နေပြည်တော်၊ ပြင်ဦးလွင်နှင့် လက်နက်စက်ရုံများကို တိုက်ခိုက်နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်နေသည့် စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ နှစ်ပြည့် ကြေညာချက်တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အနာဂတ် ဖက်ဒရယ်တပ်မတော်၏ အမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင့်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိကာလတွင် မဟာဗျူဟာ မြောက်ထိုးစစ်များကို စတင်ဖော်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၊ စစ်ရေး ဗဟာဗျူဟာများကို ပူးပေါင်းခင်းကျင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် ဗဟိုကွပ်ကဲရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ၊ J2C စသည့် ကော်မတီများကို ဖွဲ့စည်းကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

NUG နှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့ အပါအဝင် မြန်မာ တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကိုစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ အဓိကျသော စစ်ရေး ပစ်မှတ် များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစ လက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ဓာတ်ပုံ- ကချင်ပြည်နယ်တွင် သိမ်းပိုက်ရရှိသော ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း သွားရောက်စစ်ဆေးစဉ်။

Related posts

တပ်မ ၉၉ နဲ့ ခလရ ၂၉၀ ပွဲဖြစ်နေပီဝေ့ (ရုပ်/သံ)

burmesenews

လှလိုက်တာကွာ ဒုတိယအကြိမ်မြောက်တဲ့ (ရုပ်/သံ)

burmesenews

ပြည်သူကို ပြန်စော်ကားနေလို ဘဝမကူးပဲ ချက်ချင်း ကြမ္မာရဟတ်လည်တာ (ရုပ်/သံ)

burmesenews