Myanmar News

မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီကလုံခြုံ​ရေးယူ ပို့​​ဆောင်ပေး

မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီကလုံခြုံ​ရေးယူ ပို့​​ဆောင်ပေး

တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅‌၀၀ခန့်ပါသည့်သင်္ဘောကို စစ်ကောင်
စီတပ်၏ ရေတပ်သင်္ဘောသုံးစီးက လုံခြုံရေးယူ​ပေး၍ ရောက်ရှိလာကြောင်းဒေသခံများကပြောသည်။

“တရုတ်ကနေ ရေကြောင်းအတိုင်း သူတို့သင်္ဘောနဲ့သူတို့လာတာ။ နေဗီ(​ရေတပ်သင်္ဘော)က သုံးစီးက လုံခြုံရေးယူပေးပြီးဝင်လာတာ” ဟု ကျောက်ဖြူမြို့မှဒေသခံတဦးကပြော
သည်။

အဆိုပါတရုတ်နိုင်ငံသားများသည် ဧပြီလ ၂၈ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အားလာရောက်ပို့ဆောင်သည့်သင်္ဘောသည် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ မဒေးကျွန်းဒေသခံများကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိရှိကြရသေးပေ။ ထို့အပြင် အဆိုပါအကြောင်းအရာကို မပြောရဲကြောင်းမဒေးကျွန်းဒေသခံအချို့ကပြောသည်။

” ဒီအကြောင်းကို ကျနော်တို့မပြောရဲပါ။ နားလည်ပေးပါ” ဟု မဒေးကျွန်းဒေသခံတစ်ဦးကပြောသည်။
ကျောက်ဖြူမြို့တွင် တရုတ်အစိုးရကရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူ စီးပွားရေးဇုန်၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်း၊တရုတ်ပိုက်လိုင်း စီမံကိန်းများရှိ‌နေသည်။ အဆိုပါစီမံကိန်း၌ တရုတ်နိုင်ငံသားအများအပြားလည်းလာရောက်လုပ်ကိုင်နေသည်။

စီမံကိန်းသဘောတူစာချုပ်ကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက်တွင် တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ဒေသအများစု၌တိုက်ပွဲများဖြစ်ပွားနေသော်လည်း အဆိုပါစီမံကိန်းကို စစ်ကောင်စီနှင့်တရုတ်ကဆက်လက်လုပ်ကိုင်ခဲ့သည်။
အာရက္ခတပ်တော်က ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေစဉ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ တွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်
ဆက်တွဲစာချုပ်ကို တရုတ်နှင့် စစ်ကောင်စီ လက်
မှတ် ရေးထိုးခဲ့သည်။
လက်ရှိရောက်ရှိနေကြသည့် တရုတ်နိုင်ငံသားများသည် အဆိုပါ နောက်ဆက်တွဲ စာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ကျွမ်းကျင်လုပ်သားများအဖြင့် ရောက်ရှိလာခြင်းဟုသိရကြောင်း ကျောက်ဖြူမြို့ဒေသခံချို့ကပြောသည်။
ကျောက်ဖြူမြို့ပေါ်တွင် လတ်တ‌ လော၌တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြို့နယ်အတွင်းကျေးရွာအချို့၌ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများကပြောသည်။ ပြီးခဲသည့်မတ်လ၁၀ရက်နေ့ကကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာကို စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။ထိုအပြင် စစ်ကောင်စီသည် ကျောက်
ဖြူမြို့နယ်အတွင်း ရေလမ်းကြောင်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့်ရေလုပ်ငန်းမလုပ်ကိုင်ရန် ဒေသန္တရအမိန့်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှစ၍ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွား​နေ​သော်လည်း တရုတ်​ရေနံပိုက်လိုင်းအပါအဝင် တရုတ်စီမံကိန်းများ အနီးတွင်မူ တိုက်ပွဲဖြစ်ပွား​လေ့မရှိ​သည်ကို​တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများ၌ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေသို့လာရောက်နေထိုင်ကြရန်နှင့်အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားကြရန် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီလ ၁၀ ရက်နေ့က ကျရောက်သော AA ၁၅ နှစ်မြောက် တပ်တော်နေ့အခမ်းအနားတွင် ပြောကြားထားသည်။ ထိုပြောကြားချက်နောက်ပိုင်း ကျောက်ဖြူနှင့်စစ်တွေမြို့မှဒေသခံများ အခြားမြိုများသို့တိမ်းရှောင်မှုများရှိနေကြောင်းသိရသည်။ ဒေသတွင်း၌စစ်ရေးမငြိမ်မသက်ဖြစ်နေစဉ် စစ်ကောင်စီနှင့်တရုတ်တို့က က စီမံကိန်းများကို ဆက်လက် အကောင်
အထည်ဖော်နေခြင်းဖြစ်သည်။
(​မ​ဒေးကျွန်းရှိ တရုတ်စီမံကိန်း အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Getty Image)

နန်းနောင့်နောင့်/People’s Spring

Related posts

ခရိုဇာတ်လမ်းကစပီ ဆီဈေးက တာဝတိံတက်တော့မယ်ထင်တယ်

burmesenews

စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော် သိမ်းပိုက်ထားကြောင်း AA ထုတ်ပြန်

burmesenews

MNDAA ထူးပြီ ထပ်သိမ်းပြန်ပြီ အမျိုးတို့

burmesenews