Myanmar News

စစ်ကောင်စီက မေလ ၁ ရက်မှစ၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းပြီ

စစ်ကောင်စီက မေလ ၁ ရက်မှစ၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းပြီ

အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ယနေ့နေ့လည်ပိုင်းတွင် အတည်ပြုခဲ့သည်။

“ဘယ်နိုင်ငံမဆိုပါပဲ။ဒီ (မေ ၁) ရက်နေ့ကစပြီး Demand(အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများအကြုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲမူတည်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်” ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ပြောသည်။

ထိုကန့်သတ်ချက်ကို စစ်ကောင်စီက တရားဝင်စာဖြင့် ညွှန်ကြားစာထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က စစ်ကောင်စီ အလုပ်သမား ဝန်ကြီး ဦးမြင့်နောင်နှင့် အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီအသင်းတို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အသိပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

Related posts

အယ်ဘတ်ရေ…အမျှ..အမျှ.. လေယာဥ် ၁စီး မီးခိုတွေအူထွက်လောင် Jan:4/2024

burmesenews

ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို႔

burmesenews

မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇) တပ်ရင်း​၏ အဓိကနေရာများကို KIA သိမ်းပိုက်

burmesenews