Myanmar News

အားရတယ်ကျေနပ်တယ်.. ခိုးရာပါတွေ ဝေစုခွဲနေချိန် တီးထည့်လိုက်တာ ရှော (ရုပ်/သံ)

လောင်းလုံးမြို့မ ရဲစခန်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး(ရုပ်/သံ)

ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်း အတွင်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက် နံနက် ၆ နာရီခန့်က လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ စစ်ပြဲကျေးရွာနှင့် ပြင်း ထိန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ များထံမှ ရွှေ၊ ငွေ နှင့် ဆိုင်ကယ် ၂၇ စီးကို မတရားယူဆောင်သွားကာ လောင်းလုံးမြို့မရဲစခန်းသို့ ပြန်လည်ရောက်ရှိပြီး စုဝေးကာ ဝေစုခွဲနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဲတပ်သား ၁ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံး ပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” သေသွားတဲ့ ရဲအမည်က ဇင်မင်းကို လောင်းလုံးရဲစခန်းကပါ။ ကျန်တဲ့ ၂ ကောင်က ပျူစောထီးလား စစ်ခွေးလား မသိရသေးဘူး။ ၈ ကောင်ကတော့ ပြင်းထန် ဒဏ်ရာရတယ်” ဟု လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ်နေ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့် ဆောင်ရွက်နေ သည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများအချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် စစ်ရေး သတိဖြင့် သွားလာနေထိုင်ကြရန် လောင်းလုံးမြို့နယ် PDF က အသိပေး ထုတ်ပြန်ထားသည်။

Related posts

အလံဖြူတွေ ပြကုန်ပြီ။ နမ္မတူလို့တော့ ကြားတယ်။ (ရုပ်/သံ)

burmesenews

ပလက်ဝတွင် စစ်သား ၂ ဦးနှင့် ရဲ ၈ ဦး အလင်းဝင်

burmesenews

ခမရ-၃၀၄ ကိုင်နေပြီ ဆို့အောက်တော့မယ်

burmesenews