Social News

စာရင်းတွေတော့ လိုက်ကောက်နေပြီ ဘာလုပ်ဖို့လဲမသိ

ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ရခိုင်နှင့် ချင်း တိုင်းရင်းသားပိုင် စျေးဆိုင်များ၊ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံ များကို စစ်ကောင်စီက စာရင်းကောက်

ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်း၊ မြို့နယ်တချို့တွင် ရခိုင်နှင့် ချင်း တိုင်းရင်းသားပိုင် စျေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီက စာရင်းကောက်ယူနေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်းမှစတင်၍ မြို့နယ်များတွင် ရခိုင်နှင့် ချင်းတိုင်းရင်းသားပိုင် စျေးဆိုင်များ၊ စီးပွားရေးလုပ် ငန်းများ၊ စက်ရုံအလုပ်ရုံများ စာရင်းကို ကောက်ယူခြင်းဖြစ်ပြီး

ယခုရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ် အရှေ့ပိုင်း နှင့် အနောက်ပိုင်းတွင်လည်းကောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းများ မြို့နယ်များတွင် စာရင်း စတင်ကောက်ယူနေကြောင်း သိရှိရသည်။

“ဘာအတွက်လဲလို့တော့ မပြောဘူး။ ရခိုင်နဲ့ ချင်းတိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ စျေးဆိုင်တွေ စာရင်းတွေ ကောက်ခိုင်းတယ်။ နောက်ပြီး အဆောင်ဖွင့်စားတဲ့ ချင်းနဲ့ရခိုင်တိုင်ရင်းသား အိမ်ပိုင်ရှင်တွေ စာရင်းလည်းကောက်ခိုင်းတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီက ရခိုင်နှင့်ချင်းတိုင်းရင်းသား ပိုင် စီးပွားရေးလုပ်ငန်းများ စာရင်းကောက်ယူမှုအပေါ် စိုးရိမ်မိကြောင်း လှိုင်သာယာမှ ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ရန်ကုန်မှာရှိတဲ့ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆိုင်တွေကို စာရင်းလိုက်ကောက်တာမှာ ဘာကြောင့်ကောက်လဲဆိုတာကိုလေ မသိရတော့ ကျနော်တို့လည်း စိုးရိမ်တယ်” ဟု လှိုင်သာယာမှ ရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်ကရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေများ ဆက်တိုက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
ရန္ကုန္တိုင္း၊ ၿမိဳ႕နယ္မ်ားတြင္ ရခိုင္ႏွင့္ ခ်င္း တိုင္းရင္းသားပိုင္ ေစ်းဆိုင္မ်ား၊ စီးပြားေရးလုပ္ငန္းႏွင့္ စက္႐ုံအလုပ္႐ုံ မ်ားကို စစ္ေကာင္စီက စာရင္းေကာက္

ေဖေဖာ္ဝါရီ ၂၈

ရန္ကုန္တိုင္း၊ ၿမိဳ႕နယ္တခ်ိဳ႕တြင္ ရခိုင္ႏွင့္ ခ်င္း တိုင္းရင္းသားပိုင္ ေစ်းဆိုင္မ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို စစ္ေကာင္စီက စာရင္းေကာက္ယူေနေၾကာင္း ရန္ကုန္တိုင္းစစ္ေကာင္စီသတင္းရင္းျမစ္က ေျပာဆိုသည္။

ေဖေဖာ္ဝါရီလအတြင္းမွစတင္၍ ၿမိဳ႕နယ္မ်ားတြင္ ရခိုင္ႏွင့္ ခ်င္းတိုင္းရင္းသားပိုင္ ေစ်းဆိုင္မ်ား၊ စီးပြားေရးလုပ္ ငန္းမ်ား၊ စက္႐ုံအလုပ္႐ုံမ်ား စာရင္းကို ေကာက္ယူျခင္းျဖစ္ၿပီး

ယခုရက္ပိုင္းအတြင္း လွိုင္သာယာၿမိဳ႕နယ္ အေရွ႕ပိုင္း ႏွင့္ အေနာက္ပိုင္းတြင္လည္းေကာင္း၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမ်ား ၿမိဳ႕နယ္မ်ားတြင္ စာရင္း စတင္ေကာက္ယူေနေၾကာင္း သိရွိရသည္။

“ဘာအတြက္လဲလို႔ေတာ့ မေျပာဘူး။ ရခိုင္နဲ႔ ခ်င္းတိုင္းရင္းသားပိုင္ စီးပြားေရးလုပ္ငန္းေတြ၊ စက္႐ုံအလုပ္႐ုံေတြ၊ ေစ်းဆိုင္ေတြ စာရင္းေတြ ေကာက္ခိုင္းတယ္။ ေနာက္ၿပီး အေဆာင္ဖြင့္စားတဲ့ ခ်င္းနဲ႔ရခိုင္တိုင္ရင္းသား အိမ္ပိုင္ရွင္ေတြ စာရင္းလည္းေကာက္ခိုင္းတယ္” ဟု ရန္ကုန္တိုင္းစစ္ေကာင္စီသတင္းရင္းျမစ္က ေျပာဆိုသည္။

ထိုကဲ့သို႔ စစ္ေကာင္စီက ရခိုင္ႏွင့္ခ်င္းတိုင္းရင္းသား ပိုင္ စီးပြားေရးလုပ္ငန္းမ်ား စာရင္းေကာက္ယူမႈအေပၚ စိုးရိမ္မိေၾကာင္း လွိုင္သာယာမွ ရခိုင္တိုင္းရင္းသား စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာဆိုသည္။

“ရန္ကုန္မွာရွိတဲ့ ရခိုင္စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ဆိုင္ေတြကို စာရင္းလိုက္ေကာက္တာမွာ ဘာေၾကာင့္ေကာက္လဲဆိုတာကိုေလ မသိရေတာ့ က်ေနာ္တို႔လည္း စိုးရိမ္တယ္” ဟု လွိုင္သာယာမွ ရခိုင္တိုင္းရင္းသား စီးပြားေရး လုပ္ငန္းရွင္ကရွင္းျပသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ လက္ရွိတြင္ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တြင္ ေဒသကာကြယ္ေရးတပ္မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး နယ္ေျမမ်ား ဆက္တိုက္ဆုံးလ်က္ရွိေၾကာင္း သိရွိရသည္။

Related posts

ဟာ…စိတ်မကောင်းစရာ..ကော့ကရိတ်မြို့ကြီး

burmesenews

တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ

burmesenews

ပေါက်ဖော်ကြီးက စာရင်းအတိအကျနဲ့ကို ဖြုတ်ခိုင်းတာ

burmesenews