Social News

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်လွတ်မြောက်(ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်လွတ်မြောက်(ရုပ်/သံ)
■ လေတပ်ဖရဲသီး သတင်းရင်းမြစ်က တိုက်လေယာဉ်ပျက်ကျမှု အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန် စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်တစ်စီး ပျက်ကျလာကြောင်း ၊ လေယာဉ်မှူးမှာမူ လေထီးဖြင့် ခုန်ထွက်လာနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“လေယာဉ်က ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ ပျက်ကျတယ်။ စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက် တောင်ဘက် မှာ ပျက်ကျတာ။ အခု ရဟတ်ယာဉ်တွေ အများကြီးပဲ လာနေတယ်။ ရဲတွေလည်း လာနေကြပြီ။ လေယာဉ်မှူးကတော့တ စ်ဦးတည်းပဲ။ လေယာဉ်ကတော့ မီးလောင်နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက လေတပ်သတင်းရင်းမြစ်ထံသို့ ဆက်သွယ်မေးမြန်းရာ မကွေးလေတပ်မှ တိုက်လေယာဉ်တစ်စီး ပျက်သွားကြောင်း၊ လေယာဉ်ပျက်ကျမှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္တစ္စီး ပ်က္က်၊ ေလယာဥ္မႉး ေလထီးျဖင့္ ခုန္ထြက္လြတ္ေျမာက္(႐ုပ္/သံ)
■ ေလတပ္ဖရဲသီး သတင္းရင္းျမစ္က တိုက္ေလယာဥ္ပ်က္က်မႈ အတည္ျပဳ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၉

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္တြင္ ယေန႔ မြန္းလြဲပိုင္းတြင္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္တစ္စီးပ်က္က်သြားၿပီး လယ္ကြင္းထဲတြင္ မီးေလာင္ကၽြမ္းေနေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္ အခ်ိန္ စလင္းၿမိဳ႕နယ္၊ ႀကိဳဝန္းေက်းရြာ အေနာက္ေတာင္ဘက္ လယ္ကြင္းထဲသို႔ စစ္ေကာင္စီတပ္ဘက္မွ တိုက္ေလယာဥ္တစ္စီး ပ်က္က်လာေၾကာင္း ၊ ေလယာဥ္မႉးမွာမူ ေလထီးျဖင့္ ခုန္ထြက္လာနိုင္ေၾကာင္း ေဒသျပည္သူတစ္ဦးက ရွင္းျပသည္။

“ေလယာဥ္က ဒီေန႔ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္မွာ ပ်က္က်တယ္။ စလင္းၿမိဳ႕နယ္၊ ႀကိဳဝန္းေက်းရြာ အေနာက္ ေတာင္ဘက္ မွာ ပ်က္က်တာ။ အခု ရဟတ္ယာဥ္ေတြ အမ်ားႀကီးပဲ လာေနတယ္။ ရဲေတြလည္း လာေနၾကၿပီ။ ေလယာဥ္မႉးကေတာ့တ စ္ဦးတည္းပဲ။ ေလယာဥ္ကေတာ့ မီးေလာင္ေနတယ္” ဟု ေဒသျပည္သူက ရွင္းလင္းေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက ေလတပ္သတင္းရင္းျမစ္ထံသို႔ ဆက္သြယ္ေမးျမန္းရာ မေကြးေလတပ္မွ တိုက္ေလယာဥ္တစ္စီး ပ်က္သြားေၾကာင္း၊ ေလယာဥ္ပ်က္က်မႈ မွန္ကန္ေၾကာင္း အတည္ျပဳ ေျပာဆိုသည္။

Related posts

အပြတ်ရစ်တယ်လို့သာ ပြောတာပါနော် ခုထိ Play နေတုန်း..

burmesenews

အယ်ဘတို့တော့ လေယာဉ်တစီး ထပ်ကုန်အုံးမယ်

burmesenews

PDF တို့အောင်ပွဲ ဒုန်း ဒုန်း ဒုန်း

burmesenews