Myanmar News

ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်းဖြင့် တိုက်ခိုက်ခံရသော ပြင်ဦးလွင်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှိတော့

ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်းဖြင့် တိုက်ခိုက်ခံရသော ပြင်ဦးလွင်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှိတော့

■ စစ်တက္ကသိုလ်အတွင်း ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှု သေဆုံးထိခိုက်မှုများရှိပြီး အရပ်သားတချို့နှင့် သံဃာတချို့လည်း ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဧပြီ ၁၅

ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်းဖြင့် တိုက်ခိုက်ခံရသော ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှိတော့ဘဲ ထွက်ခွာသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ ကန်တော်ကြီးအနီးရှိ စစ်ကောင်စီရုံးများ၊ စစ်တပ်နည်းပညာတက္ကသိုလ်တို့ကို ရှော့တိုက်ဒုံးများဖြင့် ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပြင်ဦးလွင်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာတော့ တပ်ချုပ်မရှိတော့ဘူး။ ရှော့တိုက်ဒုံးမပစ်ခင်က ထွက်တာလား၊ ပစ်ပြီးမှ ထွက်တာလားတော့ အဲဒါတော့ မသေချာဘူး။ ရှော့တိုက်ဒုံးတွေ ပစ်ပြီးမှ စစ်ယာဉ်တန်းတစ်ခု အရေးပေါ်ထွက်လာပြီး ရဟတ်ယာဉ် ပျံသန်းတာတွေလည်း ကြားရတော့ အပစ်ခံရပြီးမှ ထွက်သွားတယ်လို့ ယူဆရတယ်။ သေချာတာက တပ်ချုပ်က ပြင်ဦးလွင်မှာ မရှိတော့ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ပြင်ဦးလွင်မှ ဌာနဆိုင်ရာ သတင်းရင်းမြစ်တချို့ကမူ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က စစ်တက္ကသိုလ် သင်္ကြန်မဏ္ဍပ်နှင့် အခြားသော ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များသို့ လာရောက်ရန်အစီအစဉ်ရှိခဲ့သော်လည်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရသဖြင့် အစီအစဉ် ပျက်သွားသည့်သဘောဖြစ်ကြောင်း ပြောဆိုကြသည်။
ယမန်နေ့ ညပိုင်း စစ်တက္ကသိုလ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိပြီး လက်ရှိ ရရှိထားသော သတင်းများအရ အနည်းဆုံး ဗိုလ်လောင်း ၂ ဦးထက်မနည်း သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။
“ပြင်ဦးလွင် စစ်တက္ကသိုလ်ထဲကိုတော့ လူနာတင်ကားတွေ ဝင်သွားတယ်။ စစ်ဆေးရုံကို ခေါ်တင်သွားတာဆိုတော့ ဘယ်လောက်သေလဲမသိရသေးဘူး။ ကြားတာကတော့ ၁ ဦးလို့လည်း ပြောတယ်၊ ၂ ဦးလို့လည်း ပြောတယ်။ ဗိုလ်လောင်းတွေလို့ ပြောတယ်။ ဒဏ်ရာရတာလည်းရှိတယ်လို့ သိရပါတယ်” ဟု စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ပြင်ဦးလွင် အောင်မြေဇေယျာ စာသင်တိုက်သို့လည်း ကျရောက်ကြီး သံဃာ ၂ ပါး နှင့် လူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“အောင်မြေဇေယျာကျောင်းတိုက်ထဲကျတာက သံဃာ ၂ ပါးနဲ့ လူ ၁ ဦး သေဆုံးပါတယ်။ သံဃာကလည်း သင်္ကြန်အတွင်း ခဏ ဘုန်းကြီးဝတ်သူတွေလို့သိရတယ်” ဟု ပြင်ဦးလွင်မြို့မှ ပရဟိတသမားတစ်ဦးက ဆိုသည်။
အလားတူ ပြင်ဦးလွင်ဆေးရုံ၊ အရိုးခွဲစိတ်ကုသဆောင်သို့လည်း ရှော့တိုက်ဒုံးကျ ရောက်ပြီး အနည်းဆုံး ၁ ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

Related posts

UPDATE -ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေပြီး ဗျူဟာမှူးအပါအဝင် (၅၆)ဦး အရှင်ဖမ်းမိ

burmesenews

မြောက်ပိုင်း၃ဖွဲ့နဲ့ အဘ ဂျွန်းပြန်နေတာ မကြည့်အားဘူး

burmesenews

အားရတယ်ကျေနပ်တယ်.. ခိုးရာပါတွေ ဝေစုခွဲနေချိန် တီးထည့်လိုက်တာ ရှော (ရုပ်/သံ)

burmesenews