Social News

ရန်ကုန်လေဆိပ်တွင် ပြည်ပ ထွက်ခွာမည့် CDM ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိပြီးနောက် CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ် လာရောက် ဖမ်းဆီးရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

ရန်ကုန်လေဆိပ်တွင် ပြည်ပ ထွက်ခွာမည့် CDM ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိပြီးနောက် CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ် လာရောက် ဖမ်းဆီးရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား
ရန်ကုန်၊ ဧပြီ ၁၈
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပ ထွက်ခွာမည့် CDM ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိပြီးနောက် CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ် ထုတ်မပေးရန်နှင့် CDM ဝန်ထမ်းများစာရင်း ထပ်မံ ပြုစု၍ ပေးပိုရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားထားကြောင်း သိရှိရသည်။


မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပ ထွက်ခွာမည့် CDM ပြုလုပ်ထားသော ဝန်ထမ်း ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းရရှိခဲ့ကြောင်း၊ CDM ဝန်ထမ်းများအနေဖြင့် ပြည်ပကို ထွက်ခွာရန် အတွက် Passport လာရောက် လျှောက်ထားစဉ် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သော ရုံး၊ ဌာနတာဝန်များကို ဖော်ပြခြင်း မရှိဘဲ မှီခို/ကျောင်းသားဟု စာရင်းရေးသွင်း လျှောက်ထားလျက်ရှိကြောင်း၊ ထို့ကြောင့် CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ်လာရောက်သည့် အဆင့်တွင်ပင် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီ လျှို့ဝှက် ညွှန်ကြားထားကြောင်း သိရှိရသည်။
CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ် လာရောက် လုပ်သည်နှင့် ဖမ်းဆီးရန် စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့တွင် စာအမှတ်၊ ၁၅၈ (၁)/၈/ကောင်စီရုံးဖြင့် လျှို့ဝှက် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ CDM ဝန်ထမ်းများ Passport ပြုလုပ်သည့် အဆင့်တွင် ဖမ်းဆီး ရမိရေး အတွက် ဌာနများမှ CDM ပြုလုပ်ခဲ့သော ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေး အချက် အလက်များကို ဧပြီလ ၁၈ ရက်နေ့တွင် စုဆောင်းထားရှိရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
” စစ်တပ်နဲ့ ငြိစွန်းထားသူတွေက လေဆိပ်မှာ စစ်တပ်နဲ့ရဲကို အနည်း ဆုံး သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိပေးပြီး ပြည်ပ ထွက်လို့ရတာတွေလည်းရှိပါတယ်။ နောက်တစ်ခါ ဘယ်သူပဲဖြစ်ဖြစ်၊ ဘာနဲ့ပဲ ငြိနေ ငြိနေ နိုင်ငံကူးလက်မှတ်လုပ်ရင် အနည်း ဆုံး သိန်း ၄၀ လောက်ပေးရင်လည်း ရနေပါတယ်။ အဲဒီမှာ လုပ်စားဂွင်ကြီးလိုဖြစ်နေတာ။ လေဆိပ်မှာ တာဝန်ကျတဲ့ ရဲ၊ စစ်တပ်၊ အကောက်ခွန်၊ လ၀က အကုန် သူဌေးတွေ ဖြစ်နေကြပြီ။ စစ်တပ်က အဲဒီလို စာတွေ ထုတ်လေ၊ လေဆိပ် တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သူဌေးဖြစ်လေပေါ့။ ဘာပဲလုပ်ချင် လုပ်ချင် ငွေပေးရင် အကုန်ရပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

Related posts

ကိုယ်တိုင်ထုတ်တေါလာပြီ ပွကသံတွေ မြိုင်တော့မယ်

burmesenews

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ အသုံးပြုရာ ခန်းမကို မီးရှို့မိုင်းခွဲ ဖျက်ဆီး (ရုပ်/သံ)

burmesenews

ထမိန်ဝတ် ခြင်းကြားထမ်းပြီး ဖြတ်ဖောက်ချုပ်လုပ်သင့်တယ်လိုပြောလိုက်တာပဲ

burmesenews