Myanmar News

မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်ရဲစခန်းကို AA ဝင်ရောက်တိုက်ခိုက်

မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်ရဲစခန်းကို AA ဝင်ရောက်တိုက်ခိုက်

ဧပြီလ ၁၇ ရက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး ရွက်ညိုတောင်ရွာနားရှိတဲ့ နယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရွက်ညိုတောင်ရွာဘက်သို့ စစ်ကောင်စီတပ်ရဲ့ မောင်တောမြို့အဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅) က လက်နက်ကြီးပစ်ကူပေးနေသလို လေကြောင်းကပါ တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ရွက်ညိုတောင်ရွာမှာ အိမ်ခြေ နှစ်ဆယ်ဝန်းကျင်သာရှိပြီး တိုက်ပွဲကြောင့် ရွာခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီညနေပိုင်း ၃ နာရီလောက်မှာ လေယာဥ်နဲ့တစ်မျိုး၊ လက်နက်ကြီးနဲ့တစ်မျိုး လှမ်းပစ်နေတာ။ တိုက်ပွဲက ရွက်ညိုတောင်နားမှာ ဖြစ်နေတာ”

AA က သိမ်းပိုက်ထားပြီးဖြစ်တဲ့ ငါးခူရစခန်းက ထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အဲဒီရွက်ညိုတောင်စခန်းကို ပူးပေါင်းခဲ့တာလို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်တဲ့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

“ငါးခူရက ထွက်ပြေးတဲ့ နယ်ခြားစောင့်ရဲနဲ့ စစ်တပ်က တပ်ဖွဲ့ဝင်တချို့ အဲဒီရွက်ညိုတောင်ကို ပေါင်းသွားတာ ရှိတယ်။ အဲဒီမှာ တချို့က လက်နက်ချမယ်၊ တချို့ကမချဘူး၊ အဲဒီလိုတွေဖြစ်နေတာ”
ဒီအခြေအနေပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲ ငါးလအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့ မြို့နယ်ကိုးခုကို (AA) က သိမ်းပိုက်ထားပါတယ်။

Related posts

Safe House -Yangon သင်္ကြန်ပွဲ တက်ရောက်သူများ ပွဲဝင်ခွင့် လက်ပတ်ကြောင့် အရေပြား ဆိုးဆိုးဝါးဝါး ထိခိုက်

burmesenews

ခမရ-၃၀၄ ကိုင်နေပြီ ဆို့အောက်တော့မယ်

burmesenews

Breaking News မောင်တောမြို့နယ်မြောက်ပိုင်းမှ အကြီးဆုံး ကြိမ်ချောင်း နခခ (၇) နယ်ခြားစောင့်စခန်း အာရက္ခတပ်တော်က သိမ်းပိုက်

burmesenews