Myanmar News

မိုးဗြဲတိုက်ပွဲ KNDF တပ်ရင်း ၃ တပ်ရင်းမှူး ကျဆုံး

မိုးဗြဲတိုက်ပွဲ KNDF တပ်ရင်း ၃ တပ်ရင်းမှူး ကျဆုံး

မိုးတိမ်၊ ဧပြီ ၂၁၊ ၂၀၂၄

မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၄၂၂ ကို တော်လှန်ရေးအင် အားစုများ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်တိုက်ပွဲအတွင်း ကရင်နီ အမျိုး သားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ၃ တပ်ရင်းမှူး အိုက်ဗေ ကျဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အထိနာကာ အကျအဆုံးများသည့်အတွက် လေကြောင်းစစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ရှေ့ တန်းသတင်းရင်းမြစ် တဦးက ပြောသည်။
၎င်းက ” ၄၂၂ ကို သူကိုယ်တိုင် ရှေ့ကတိုက်ပြီး တိုက်ခိုက်ရင်းနဲ့ ကျဆုံးသွားတာပါ။ ခုတော့ ဂုဏ်ပြုသဂြိုဟ်တာ ပြီးစီးသွားပါပြီ” ဟု ဆိုသည်။
လက်ရှိအနေအထားအရ မိုးဗြဲမြို့နေရာအများစုကို တော်လှန်ရေးအင် အားစုများ ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ ခမရ ၄၂၂သာ ကျန်ရှိနေသည့်အတွက် ထိုတပ်ရင်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် မြေပြင်စစ်ရေးအရ အရေးနိမ့်နေသည့်အတွက် လေကြောင်းအကူအညီဖြင့် ပြန်လည်ခုခံနေရပြီး စစ်ရေးပစ်မှတ်မဟုတ်သော လူနေအိမ်များကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ယမန်နေ့ (ဧပြီ၂၀ ရက်) ကလည်း လွိုင်ကော်မြို့အဝင် ကုန်းသာရွာကို နေ့လယ် ၁၂ နာရီခန့်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- မိုးတိမ်

Related posts

ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက်

burmesenews

တပ်မဟာ ၁ တွင် PDF/KNU ပူးပေါင်းတပ်များနှင့် BGF တပ်များအကြား စစ်ရေးတင်းမာလာဖွယ်ရှိ

burmesenews

KIA၏ မဂျီဂုံစခန်းသိမ်းပိုက်မှု လက်နက်ခဲယမ်းများနှင့် ဟောင်ဝစ်ဇာနှစ်လက်ရ

burmesenews