Social News

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်း

ဖေဖော်ဝါရီ ၂၉

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်းခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ ညောင်ပတ်ရဲကင်းစခန်းကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဲကင်းစခန်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၄ လ ကျော်ကြာ ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သော ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

Related posts

ကမ်းစပ်မှာ မွှင်းခါးတွေ ပုံနေတာဘဲဝေ့

burmesenews

နောင်ချို့ဘက်မှာ ပွဲစကပြီ

burmesenews

ဗျူဟာတွေ လှချက်… မြို့ထဲဝင်လာမှ အပိုင် ဗျင်း

burmesenews